တင်းမာမှုမြင့်တက်နေသောကြောင့် ထိုင်ဝမ်ရှိ ကိုယ်စားလှယ်ရုံးလုပ်ငန်းများကို ဟောင်ကောင် ရပ်ဆိုင်း

တင်းမာမှုမြင့်တက်နေသောကြောင့် ထိုင်ဝမ်ရှိ ကိုယ်စားလှယ်ရုံးလုပ်ငန်းများကို ဟောင်ကောင် ရပ်ဆိုင်း
Photo: EPA

သံတမန်ဆက်ဆံရေး တင်းမာမှုများမြင့်တက်လာခြင်းကြောင့် တရုတ်အစိုးရက ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားထားသည့် ထိုင်ဝမ်ရှိ ကိုယ်စားရုံး လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း ကမ္ဘာပေါ်တွင် စီးပွားရေးအချက်အချာကျသည့် ဟောင်ကောင်အစိုးရက မေလ ၁၈ ရက်တွင် ကြေညာလိုက်သည်။

၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ တက်ကြွလှုပ်ရှားသူအများ အပြား ထိုင်ဝမ်အပါအဝင် ပြည်ပသို့ ထွက်ခွာစေခဲ့သည့် နိုင်ငံတော် လုံခြုံရေးဥပဒေကို ဟောင်ကောင်၌ ပြဌာန်းခဲ့ခြင်းတို့ကြောင့် တရုတ်အစိုးရက ထောက်ခံသည့် ဟောင်ကောင်နှင့် ထိုင်ဝမ်တို့အကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

ဟောင်ကောင်အစိုးရကိုယ်စားလှယ်က ဟောင်ကောင်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုရုံး၏ လုပ်ငန်းများ ရပ်ဆိုင်းရန်ဆုံးဖြတ်ချက်ကို ဟောင်ကောင်အစိုးရ ကိုယ်စားလှယ်တစ်ဦးက ရှင်းလင်းပြောကြားခြင်း မရှိဘဲ ယခုဆုံးဖြတ်ချက်သည် မကြာသေးမီက ထိုင်ဝမ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာခြင်းနှင့် မသက်ဆိုင်ကြောင်းသာ ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရကမူ ဆုံးဖြတ်ချက်ကို လေးစားသော်လည်း စိတ်မကောင်းကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ ပြည်မကြီးရေးရာကောင်စီက ကြေညာချက်တစ်စောင်တွင် “ဟောင်ကောင်အစိုးရ၏ ယနေ့ထွက်ပေါ်လာသော တစ်ဖက်သတ်ဆုံးဖြတ်ချက်အား ကျွန်ုပ်တို့အလွန်ဝမ်းနည်းကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်ဝမ်က ဟောင်ကောင်တွင် တရုတ်အစိုးရက ပြဌာန်းလိုက်သောလုံခြုံရေးဥပဒေကို ဝေဖန်ခဲ့ပြီး ဟောင်ကောင်မှ ထွက်ခွာသွားချင်သောသူများအား ကူညီရန်အတွက် တိုင်ပေတွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ထိုင်ဝမ်သို့ ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ်ရှိသည့် ဟောင်ကောင်မှ လူ ၁၂ ဦး တင်ဆောင်ထားသော လှေကို တရုတ်က ကြားဖြတ်ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြင့် စွဲချက်တင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်က ဟောင်ကောင်ရှိ ထိုင်ဝမ်အရာရှိများအား တရုတ်တစ်နိုင်ငံမူဝါဒအရ ထိုင်ဝမ်၏ တည်ရှိမှုကို ထောက်ခံသည့်စာရွက်စာတမ်းတစ်ခုအား လက်မှတ်ရေးထိုးခြင်းမရှိပါက ၎င်းတို့၏ ဗီဇာသက်တမ်းအား တိုးပေးမည်မဟုတ်ကြောင်း ပြောကြားခံခဲ့ရကြောင်း ထိုကိစ္စနှင့် တိုက်ရိုက်ပတ်သက်သူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်ပြည်မကြီးရေးရာ ကောင်စီက ထိုင်ဝမ်ဝန်ထမ်း ၈ ဦးသာ ဟောင်ကောင်ရှိ ကောင်စစ်ဝန်ရုံးတွင် ကျန်ရှိတော့ကြောင်းနှင့် ၎င်းတို့၏ ဗီဇာများသည် ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဟု မေလအတွင်းက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required