ဂါဇာ၌ အစ္စရေး လေကြောင်းထိုးစစ်မှာ တစ်ရက်တည်း အများဆုံးအဖြစ် လူ ၄၀ ကျော် သေဆုံး 

ဂါဇာ၌ အစ္စရေး လေကြောင်းထိုးစစ်မှာ တစ်ရက်တည်း အများဆုံးအဖြစ် လူ ၄၀ ကျော် သေဆုံး 
Photo - AFP

မေ ၁၇

လူအသေအဆုံး များတဲ့ သီတင်းပတ်တာ ထိပ်တိုက်တွေ့မှုတွေမှာ အဆိုးဆုံး အသေအဆုံး အများဆုံးနေ့အဖြစ် တနင်္ဂနွေနေ့က ဂါဇာမှာ အစ္စရေးလေကြောင်းထိုးစစ်တွေအတွင်း လူ ၄၂ ဦး သေဆုံးခဲ့ပါတယ်။ 

အရှိန်မြင့်လာတဲ့ ပဋိပက္ခကို ကမ္ဘာက တပ်လှန့်သတိပေးနေပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတွေဟာလည်း အရာထင်လာခြင်း မရှိပါဘူး။ 

တနင်္ဂနွေနေ့ ညကနေ တနင်္လာနေ့အထိ ပါလက်စတိုင်းနယ်မြေဆီ အစ္စရေးစစ်လေယာဉ်တွေ ဆက်လက်တိုက်ခိုက်နေပြီး မိနစ်ပိုင်းအတွင်းမှာ လူထူထပ်ရာ နယ်မြေဒေသတစ်လွှား လေကြောင်းတိုက်ခိုက်မှု ဒါဇင်များစွာ ဆင်နွှဲခဲ့တာကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်ကြောင်းလည်း အေအက်ဖ်ပီ သတင်းထောက်က ဆိုပါတယ်။ 

တနင်္လာနေ့ အစောပိုင်းနာရီမှာ ဂါဇာကမ်းမြောင်က ပစ်မှတ်တွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ 

အလုံးစုံ ဆိုးဝါးတဲ့ အကြမ်းဖက်မှုကို ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ် မေတ္တာရပ်ခံပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်ကာ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်း ဆိုက်ရောက်နိုင်တယ်လို့ သတိပေးပါတယ်။ 

အစ္စရေးရဲ့ မဟာမိတ် အမေရိကန်ကြောင့် နှောင့်နှေးပြီးဖြစ်နေတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကတော့ လုပ်ဆောင်ချက်အနည်းငယ်သာ ရလဒ်ထွက်ပါသေးတယ်။ 

နှစ်အတော်ကြာအတွင်း အပြင်းထန်ဆုံး အပြန်အလှန် ပစ်ခတ်တိုက်ပွဲမှာ ဂါဇာဖက်မှာ လူပေါင်း ၁၉၇ ဦး သေဆုံးပြီး အစ္စရေးက ၁၀ ဦး သေဆုံးတယ်လို့ နှစ်ဖက်စလုံးက အာဏာပိုင်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကမ်းရိုတန်းနယ်မြေက ပစ်မှတ် ၉၀ ကျော်ကို တရစပ် လေကြောင်းစစ်ဆင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ ပြောပါတယ်။ အစ္စရေး လေကြောင်းထိုးစစ်တစ်ရပ်မှာ  ဂျာနယ်လစ်တွေရဲ့ ရုံးစိုက်ရာ အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးလို့ နိုင်ငံတကာစိတ်ဆိုးဒေါသထွက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဂါဇာဖက်မှာ မီးခိုးငွေ့တွေ လွင့်တက်ဆဲ အပျက်အစီးပုံထဲကနေ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ ဆွဲထုတ်နေဆဲ ဖြစ်တာမို့ သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly