လပွတ္တာမြို့မှာ COVID-19 အတည်ပြုလူနာတစ်ဦး သေဆုံး

မေ ၁၄

ဧရာဝတီတိုင်း လပွတ္တာမြို့မှာ မေလ ၁၂ရက်နေ့က COVID-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတဲ့ အသက် ၅၉နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ မေလ ၁၃ရက်နေ့မှာ အသက်ဆုံးပါးခဲ့ကြောင်း မြို့ခံ ပရဟိတအဖွဲ့များထံက သိရပါတယ်။

အသက်ဆုံးပါးခဲ့တဲ့ အမှတ်(၉)ရပ်ကွက်၊ (၈)လမ်းမှာ နေထိုင်တဲ့ ၅၉နှစ်အရွယ် အမျိုးသမီးဟာ အသက်ရှုရခက်ခဲမှုကြောင့် လပွတ္တာ(၃)မိုင်ဆေးရုံကို ပို့ဆောင်ကုသစဉ်မှာ COVID-19 ကူးစက်ခံထားရတာကို သိရှိရတာဖြစ်ပါတယ်။ 

အတူနေ မိသားစုဝင် ၈ဦးကိုပါ Quarantine ထားရှိပြီး Rapid Test Kitနဲ့ ထပ်မံစစ်ဆေးရာမှာ အမျိုးသားတစ်ဦးထံမှာ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly