ဟားမတ်ဇ် ဒုံးကျည်ပစ်ခတ်တာကို တုံ့ပြန်ပြီး ဂါဇာမှာ အစ္စရေး ဗုံးကြဲ 

ဟားမတ်ဇ် ဒုံးကျည်ပစ်ခတ်တာကို တုံ့ပြန်ပြီး ဂါဇာမှာ အစ္စရေး ဗုံးကြဲ 
Photo - AFP

မေ ၁၄

ဟားမတ်ဇ်တို့ ထိန်းချုပ်ရာ နယ်မြေကနေ ဒုံးကျည်အတွဲလိုက် ထပ်မံ ပစ်ခတ်မှုကြောင့် အစ္စရေးဟာ လက်တုံ့ပြန်ပြီး ဂါဇာကို အမြောက်ကြီးနဲ့ လေယာဉ်တိုက်ခိုက်မှုတွေနဲ့ သောကြာနေ့မှာ ဗုံးကြဲတိုက်ခိုက်ပါတယ်။ 

အပြန်အလှန် ပစ်ခတ်တိုက်ပွဲတွေ အရှိန်ပြင်းထန်နေရာမှာ လက်ရှိဆိုရင် ပါလက်စတိုင်းဖက်မှာ သေဆုံးသူ ၁၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ 

သွေးထွက်သံယို သေဆုံးမှု ထိပ်တိုက်တွေ့တဲ့ နေ့ရက်တွေကြောင့် အစ္စရေးနယ်စပ်တွေမှာ စစ်သားတွေ တပ်ဖြန့်ထားတာကို မြင်တွေ့ရပါတယ်။ အစ္စရေးတပ်တွေဟာ ဂါဇာကမ်းမြောင်ထဲ ဝင်တိုက်မယ်လို့ အစောပိုင်းက ထုတ်ပြန်ပေမယ့်လည်း မြေပြင်ထိုးစစ် ကျူးကျော်တိုက်ခိုက်မှု ဆင်နွှဲမှာ မဟုတ်ဘူးလို့ စစ်တပ်က အလေးအနက် ပြောပါတယ်။ 

အစ္စရေး လုံခြုံရေးတပ်တွေဟာလည်း ဂျူးနဲ့ အာရပ်တွေကြားက အသေအဆုံးရှိတဲ့ အဓိကရုဏ်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားလုံးပမ်းနေရပါတယ်။ လက်ဘနွန်ဖက်ကနေပြီး ပစ်ခတ်တာတွေလည်း ရှိနေပါတယ်။ 

သောကြာနေ့ အစောပိုင်းက ပုံရိပ်တွေမှာ ဂါဇာအရပ်က ကောင်းကင်ဟာ ကြီးမားတဲ့ မီးတောက်မီးလျှံတွေကြောင့် လိမ္မော်ရောင် ပြောင်းသွားတာကို မြင်တွေရပြီး ဝေဟင်မှာလည်း အစ္စရေးဆီ ဦးတည်တဲ့ ဒုံးကျည်တွေ ပျံသန်းသွားတာကို မြင်ရပါတယ်။ 

တင်းမာမှုတွေ ချက်ချင်း အရှိန်လျှော့ဖို့နဲ့ ရန်လိုမှုတွေ ရပ်တန်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပြီး အခု ပဋိပက္ခကို ဖြေရှင်းဖို့ တနင်္ဂနွေနေ့မှာ လုံခြုံရေးကောင်စီ စည်းဝေးမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

“အပြစ်မဲ့ အရပ်သားတွေ အများကြီး သေဆုံးရပြီ၊ ဒီ ပဋိပက္ခဟာ ဒေသတစ်ခုလုံးမှာ အစွန်းရောက် တစ်ယူသန်ဝါဒတွေ တိုးလာဖို့ပဲ ရှိတယ်”လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ပြောပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်ကလည်း အစ္စရေး လမ်းတွေပေါ် ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုတွေအတွက် အမေရိကန်ဟ အလွန်စိုးရိမ်ပူပြန်နေကြောင်း ပြောဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးဆီ နိုင်ငံသားတွေ ခရီးသွားတာမှာ ပြန်လည်စဉ်းစားသုံးသပ်ဖို့ကို တိုက်တွန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly