ဝီဂါထောက်ခံသည့် အဖွဲ့အစည်းက သည်ဟိဂ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ

ဝီဂါထောက်ခံသည့် အဖွဲ့အစည်းက သည်ဟိဂ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ

သည်ဟိဂ်မြို့အခြေစိုက် Global Human Rights Defence (GHRD) နှင့် World Uyghur Congress (WUC)အဖွဲ့တို့က ဝီဂါရိုးရာ Doppa Day အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲတစ်ခုကို နယ်သာလန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြသူ ၆၅ ဦးခန့်တွင် Doppaဦးထုပ်များ ဝတ်ဆင်ထားသည့် ဝီဂါများနှင့် နယ်သာလန် နိုင်ငံသားများ ပါဝင်ကြသည်။

Doppa ဆိုသည်မှာ ဝီဂါတို့၏ ရိုးရာဦးထုပ်ဖြစ်ပြီး ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ် စောင့်ရှောက်သော အားဖြင့် ဝတ်ဆင်ကြသည်။

ဝီဂါလူမျိုးများက Doppa Day ကို ကမ္ဘာအနှံ့ နှစ်စဉ် ကျင်းပကြသည်။

ဆန္ဒပြသူများက ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ် ပွဲတော်အား ကန့်ကွက်သည့် ဆောင်ပုဒ်များကို အော်ဟစ်ကြပြီး ဝီဂါများအား လူမျိုးတုန်းသတ်ဖြတ်မှုကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ‘ဝီဂါတို့ကို

လွှတ်ပေးပါ’၊ ‘ဖက်ဆစ်တရုတ်’ နှင့် ‘အခွင့်အရေးမရှိ၊ ကစားပွဲမဟုတ်’ အစရှိသည့် ဆောင်ပုဒ်များကိုလည်း အော်ဟစ်ခဲ့ကြသည်။

ဆန္ဒပြပွဲတွင် WUC ဥက္ကဌ ဒေါ်လ်ခွန်လည်း ပါဝင်ကာ မိန့်ခွန်းပြောကြားခဲ့ရာတွင် လာမည့် အိုလံပစ်ပွဲတော်အား သပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။

တိဘက်ကို ထောက်ခံသည့် အီလက်ထရောနစ် ဆိုင်းဘုတ်တပ်ဆင်ထားသော ဗင်ကားတစ်စီးကလည်း ဆန္ဒပြသူများနှင့်အတူ လိုက်ပါခဲ့သည်။ အဆိုပါ ဗင်ကားသည် တရုတ်သံရုံးရှေ့တွင် ရပ်တန့်ပြီးနောက် ပါလီမန်၊ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးနှင့် အနောက်နိုင်ငံ သံရုံးများရှိရာသို့ လှည့်လည် မောင်းနှင်ခဲ့သည်။

ဝီဂါတို့အား ဖမ်းဆီးထားသည့် အကျဉ်းစခန်းမှ လွတ်မြောက်လာသူတစ်ဦးကလည်း စခန်းအတွင်း သူမ၏ အတွေ့အကြုံများ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ဗလက္ကာယ ပြုကျင့်မှုများနှင့် ဝီဂါအမျိုးသမီးများအား အဓမ္မ သားကြောဖြတ်ခံရသည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required