အင်ဒိုနီးရှား ဆီနာဘန်းမီးတောင် ပေါက်ကွဲပြီး ပြာပူများနှင့် မီးခိုးများ မှုတ်ထုတ်

အင်ဒိုနီးရှား ဆီနာဘန်းမီးတောင် ပေါက်ကွဲပြီး ပြာပူများနှင့် မီးခိုးများ မှုတ်ထုတ်
Photo - AFP

မေ ၇

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမားတြားပြည်နယ် ကာရိုခရိုင်ရှိ ဆီနာဘန်း မီးတောင်သည် မေလ ၇ ရက်က ပေါက်ကွဲခဲ့ပြီး ပြာပူများနှင့် မီးခိုးငွေ့များကို ကောင်းကင်ယံသို့ မှုတ်ထုတ်နေကြောင်း သိရသည်။

အမြင့် ၂,၄၆၀ မီတာရှိ ဆီနာဘန်းမီးတောင်သည် ရာစုနှစ်များစွာ ငြိမ်သက်နေခဲ့ပြီးမှ ၂၀၁၀ တွင် ပြန်လည်လှုပ်ရှားခဲ့ပြီး ထိုစဥ်အချိန်က မီးတောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်။

ထို့နောက် အချိန်ကာလတစ်ခုကြာ မလှုပ်ရှားတော့ဘဲ ငြိမ်သက်နေခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တစ်ဖန် ထပ်မံ ပေါက်ကွဲခဲ့ပြန်သည်။

ယင်းနောက်ပိုင်းမှစ၍ အဆိုပါ မီးတောင်သည် သက်၀င်လှုပ်ရှားမှုများ ရှိနေခဲ့သည်။

ယခုတစ်ကြိမ် မီးတောင်ပေါက်ကွဲပြီး ပြာပူများ မှုတ်ထုတ်နေခဲ့၍ အာဏာပိုင်များက အနီးအနားရှိ ဒေသခံများအတွက် သတိပေးချက်ထုတ်ထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly