မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၄ ရက်၊ ၂၀၂၁)  

04 May 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၄ ရက်၊ ၂၀၂၁)  

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသမား ၈၀ ကျော် ဖမ်းဆီးခံရပြီး၊ ထက်ဝက်ကျော်လောက်က အခု အထိ ထိန်းသိမ်းခံနေရတဲ့အကြောင်း မနေ့တုန်းက ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် မြန်မာနိုင်ငံအတွင်းက သံတမန်အဖွဲ့အစည်း ၁၇ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ၂၁ ရာစု နည်းပညာတိုးတက်မှုနဲ့အတူ သတင်းအချက်အလက် အကန့်အသတ်မရှိ စီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ထိရောက်မှုမရှိဘူးလို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။ ဒီလို တွေ့ဆုံမေးမြန်းခန်းနဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကိုလည်း မေလ ၄ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly