စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း KIA အတည်ပြု

စစ်ကောင်စီရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း KIA အတည်ပြု

ဒီကနေ့ မေလ ၃ ရက်နေ့ မနက်ပိုင်းက မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာနားမှာ လေကြောင်းက လာရောက်တိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဟယ်လီကော်ပတာ ရဟတ်ယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို အတည်ပြုပါတယ်။

“ကုန်းလောကျေးရွာနားမှာ ပျက်ကျပြီး မီးလောင်သွားတယ်လို့ ရှေ့တန်းက သတင်းပေးပို့လာတဲ့အတွက် သေချာပါပြီ”လို့ သူက ပြောပါတယ်။

ဒီကနေ့မနက်ကတည်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပြီး ပြင်းထန်တဲ့တိုက်ပွဲဖြစ်တဲ့အတွက် နှစ်ဖက်စလုံးမှာ အထိအခိုက် အကျအဆုံးတွေ ရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။

စစ်ကောင်စီတပ်ကနေ တိုက်ပွဲဖြစ်တဲ့ တစ်ပတ်အတွင်းမှာ လေကြောင်းကနေ တစ်နေ့ကို လေးကြိမ်လောက်အထိ လာရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly