စစ်ကောင်စီက အကြမ်းဖက်မှုတွေ မရပ်တန့်ရင် တိုက်ပွဲတွေ ဆက်ရှိလာမယ်လို့ KNU ပြော

စစ်ကောင်စီက အကြမ်းဖက်မှုတွေ မရပ်တန့်ရင် တိုက်ပွဲတွေ ဆက်ရှိလာမယ်လို့ KNU ပြော

အာဏာသိမ်းစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေ မရပ်တန့်ရင် လူထုကို ခုခံကာကွယ်တဲ့အနေနဲ့ ရှေ့ဆက်တိုက်ပွဲတွေ ရှိလာနိုင်တယ်လို့ ကရင်လွတ်မြောက်ရေးတပ်မတော် (KNU) တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးက မဇ္ဈိမကို ပြောပါတယ်။
မြန်မာ- ထိုင်းနယ်စပ်ရှိ သောလယ်ထာ့ စစ်ကောင်စီတပ်စခန်းကို KNU တပ်က (၅) က ဧပြီလ ၂၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် သံလွင်မြစ်ကမ်းအနီးတဝိုက်ရှိ ကရင်ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်တပ်က လေယာဉ်နှစ်စင်းနဲ့ လာရောက်ဗုံးကြဲနေတယ်လို့ သိရပါတယ်။
စစ်တပ်က အပစ်ရပ်ကာလ တစ်လ သက်တမ်းတိုးကြောင်း ကြေညာတဲ့ ဧပြီလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ KNU တပ်မဟာ (၅) နယ်မြေအတွင်း လေးကြိမ်ဗုံးကြဲချခဲ့တယ်လို့ KNU က ဒီကနေ့ (မေလ ၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာဘက်အခြမ်းနဲ့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်ဒေသခံ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly