ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပေါင်းစပ်၍ ပိုမိုထိုးနှံကာ စွမ်းအား မြှင့်တင်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပေါင်းစပ်၍ ပိုမိုထိုးနှံကာ စွမ်းအား မြှင့်တင်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

တိုင်ပေ

ကိုဗစ်-၁၉ ရောဂါကို ပိုမိုတားဆီးနိုင်ရန် ကာကွယ်ဆေးများကို ပေါင်းစပ်၍ ပိုမိုထိုးနှံရေးအတွက် တရုတ်ကုမ္ပဏီများက စဉ်းစားလျှက်ရှိသည်။ ပူးပေါင်းထားသည့် Sinovac နှင့် Sinopharm တရုတ်ဆေးကုမ္ပဏီ ၂ ခုက ကာကွယ်ဆေး သန်းရာပေါင်းများကို ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ ထားပြီး အခြားကုမ္ပဏီများမှ ဆေးများနှင့် ပေါင်းစပ်ရန် စဉ်းစားလျှက်ရှိသည်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနအကြီးအကဲ ဂေါင်ဖူးက လက်ရှိ ကာကွယ်ဆေးများသည် ကာကွယ်နိုင်စွမ်းနိမ့်သောကြောင့် ထိရောက်မှုမြှင့်တင်ရန် ပေါင်းစပ်အသုံးပြုမည့်နည်းလမ်းကို စဉ်းစားထားကြောင်း ယခုလအစောပိုင်းက ပြောကြားခဲ့သည်။ ဂေါင်က ၎င်း၏ မှတ်ချက်များကို နောက်ပိုင်းတွင် ရုပ်သိမ်းသိမ်းခဲ့ပြီး ဆေး၏ စွမ်းအား မြှင့်တင်နိုင်ရန် ယေဘုယျ မှတ်ချက်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

China National Biotech Group အနေဖြင့် ၎င်းတို့၏ ကာကွယ်ဆေးများကို ပေါင်းစပ်၍ ဆက်လက်အသုံးပြုရန် အစီအစဉ် ရှိကြောင်း အဆိုပါ လုပ်ငန်း၏ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ လီမင်က ဧပြီ ၂၈ ရက်က နိုင်ငံတကာ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့ သည်။ ယင်းလုပ်ငန်းသည် နိုင်ငံပိုင် Sinopharm ကုမ္ပဏီ၏ လုပ်ငန်းခွဲဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှု ၂ ကြိမ်တိုင် အောင်မြင်ခြင်းမရှိခဲ့ဘဲ တတိအကြိမ်မြောက် ထုတ်လုပ်မှုကို ဆေးခန်းအဆင့်တွင် စမ်းသပ်နေပြီ ဖြစ်သည်။ ပေကျင်းအခြေစိုက် Sinovac ပုဂ္ဂလိက ကုမ္ပဏီကလည်း ၎င်းတို့၏ CoronaVac ကာကွယ်ဆေးနှင့် အခြား ဆေးများကို ပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် တရုတ် ရောဂါ ထိန်းချုပ်ရေးဌာနမှ စုံစမ်းရေး အရာရှိများနှင့် ကနဦး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ပြောကြားသည်။

Beijing Institute of Biological Products နှင့် Wuhan Institute of Biological Products ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသည့် Sinopharm ကာကွယ်ဆေးများသည် ၇၉ နှင့် ၇၂ ရာခိုင်နှုန်းအကြား ထိရောက်မှု အသီးသီး ရှိကြကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသော်လည်း နောက်ဆုံးအဆင့် ဆေးခန်းစမ်းသပ်မှုတွင် တွေ့ရှိထားသည့် အချက်အလက်များကို မထုတ်ပြန်ခဲ့ပေ။

ယင်းကဲ့သို့ ကာကွယ်ဆေးများ ပေါင်းစပ်အသုံးပြုသည့် နည်းလမ်းကို အခြားနိုင်ငံများတွင်လည်း လုပ်ဆောင်နေကြပြီး AstraZeneca နှင့် Pfizer ကာကွယ်ဆေးတို့ကို ပေါင်းစပ်သုံးရန်လည်း ဗြိတိန်သိပ္ပံပညာရှင်များက လေ့လာလျှက်ရှိသည်။ ၄ပတ်နှင့် ၁၂ ပတ် ခြားလျှက် ဆေးကို ထိုးနှံရန်လည်း လေ့လာနေကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly