တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုရမည်ဟု တရုတ်က သြစတြေးလျကို ပြောကြား

By Abc.net
28 April 2021
တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုရမည်ဟု တရုတ်က သြစတြေးလျကို ပြောကြား

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ပီတာဒက်တွန် ၏ မှတ်ချက်များနှင့်ပတ်သက်ပြီး တရုတ်ပြည်က “တရုတ်တစ်နိုင်ငံတည်း မူဝါဒ”ကို လိုက်နာခြင်းသည် သြစတြေးလျ-တရုတ်ဆက်ဆံရေးကို တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။

ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်နှင့် ပဋိပက္ခကို “ လျှော့မတွက်သင့်ကြောင်း” ဧပြီလ ၂၅ရက်က မစ္စတာ ဒက်တွန် ကပြောကြားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုကဲ့သို့ တုံ့ ပြန်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

ABC Insiders သို့ ပြောကြားရာတွင် မစ္စတာဒက်တွန်က တရုတ်ပြည်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးရည်မှန်းချက်နှင့် ပတ်သက်၍ အလွန်ရှင်းရှင်းလင်းလင်းတွေးမြင်ထားကြောင်း

ဒေသတွင်းတွင် စစ်ရေးအင်အားတိုးချဲ့ခြင်းကို ကိုးကားကာ ဒေသတွင်းလှုပ်ရှားမှုများနှင့် ပတ်သက်၍ လူများက“ လက်တွေ့ကျ” သင့်ကြောင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက တရုတ်ပြည်က ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးရေးကိုရှာဖွေခဲ့ပြီး ထိုင်ဝမ်ပြဿနာ၏ အလွန်အမင်း အကဲဆက်မှုကို သြစတြေးလျက အပြည့်အဝနားလည်ရန်တိုက်တွန်းခဲ့သည်။

တရုတ်အစိုးရက ထိုင်ဝမ်ကို ခွဲထက်နေသောပြည်နယ်တစ်ခုအဖြစ်သတ်မှတ်ထားပြီး တရုတ်ပြည်မကြီးနှင့် ပြန်လည်ပူးပေါင်းသင့်သည်ဟု သတ်မှတ်ထားသည်။

ဝမ်က သြစတြေးလျအား“ နှစ်နိုင်ငံအကြား ပုံမှန်အပြန်အလှန်ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန်ကိုလည်း” ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်ပန်နီက ဒါဝင်ဆိပ်ကမ်းကို ၉၉ နှစ် ငှားရမ်းခြင်းအပါအဝင် တရုတ်နှင့် သက်ဆိုင်သည့်စာချုပ် ၁၀ဝဝ ကျော်အားပြန်လည်သုံးသပ်နေသည်။

“ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသားရေးအကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုရင် သူမက ကိုင်တွယ် လိမ့်မယ်ဆိုတာ ထင်ရှားပါတယ်” ဟု ဒက်တွန်က ပြောကြားသည်။

သြစတြေးလျက ပြီးခဲ့သည့်သီတင်းပတ်က တရုတ်နှင့် ဗစ်တိုးရီးယားပြည်နယ်အစိုးရတို့ ညှိနှိုင်းခဲ့သည့် အခြေခံအဆောက်အအုံဆိုင်ရာ သဘောတူညီချက်နှစ်ခုကို ပယ်ဖျက်လိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ မူလအစကိုရှာဖွေရန် သြစတြေးလျက တောင်းဆိုသည်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က သြစတြေးလျမှ ကျောက်မီးသွေးနှင့် အခြားကုန်ပစ္စည်းများတင်သွင်းမှုကို ပိတ်ပင်ထားပြီးနောက် ဆယ်စုနှစ်ပေါင်းများစွာ အနိမ့်ဆုံးအဆင့်တွင်ရှိခဲ့သည့် ဆက်ဆံရေးတွင် တင်းမာမှုများထပ်မံဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required