ရှင်ကျန်းမှ တင်သွင်းမှုများကို ပိတ်ပင်မည့် အထက်လွှတ်တော်အမတ်၏ ဥပဒေမူကြမ်းကို သြစတြေးလျဝီဂါများ ထောက်ခံ

ရှင်ကျန်းမှ တင်သွင်းမှုများကို ပိတ်ပင်မည့် အထက်လွှတ်တော်အမတ်၏ ဥပဒေမူကြမ်းကို သြစတြေးလျဝီဂါများ ထောက်ခံ

အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံ ရှန်ကျင်းဒေသမှ တင်သွင်းမှုများကို တားမြစ်ရန် အဆိုပြုထားသော ဥပဒေအား သြစတြေးလျဝီဂါအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များက ထောက်ခံကြောင်း ပြောကြားလိုက်သည်။

ရှင်ကျန်းမှ ကုန်ပစ္စည်းများတင်သွင်းခြင်းနှင့် တရုတ်နိုင်ငံအခြားဒေသများမှ အတင်းအဓမ္မစေခိုင်းမှုများဖြင့် ထုတ်လုပ်သော ထုတ်ကုန်များကို တင်သွင်းခြင်းကို တားမြစ်ရန် သြစတြေးလျ အကောက်ခွန်အက်ဥပဒေကိုပြင်ဆင်မည့် ဥပဒေကို တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ရက်ပတ်ထရစ်က အဆိုတင်ခဲ့သည်။

ယင်းဒေသခံတချို့က အရှေ့တာကစ္စတန်ဟုခေါ်သည့် ရှင်ကျန်းဒေသတွင် အယူဝါဒရိုက်သွင်းသည့် စင်တာများ နှင့်အတူ အတင်းအဓမ္မလုပ်အားပေး စေခိုင်းသည့် စခန်းများစွာကို တရုတ်အစိုးရက ထူထောင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ဝီဂါများအပေါ် ပြုမူမှု့များအား လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ရန် အထက်လွှတ်တော်အမတ် ပက်ထရစ်က ဖက်ဒရယ်အစိုးရအား တွန်းအားပေးနေသည်။

သြစတြေးလျဝီဂါ တန်ဂရစ်တဂ်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ရာမီလာချာနီရှက်ဖ်က ကော်မတီသို့ ပြောကြားရာတွင် သြစတြေးလျရှိ ဝီဂါတိုင်း၏ မိသားစုဝင်များသည် ဒေသတွင်းရှိ အလုပ်ကြမ်းစခန်းများတွင် ရှိနေပြီး၊ သြစတြေးလျက အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများသတင်းများကို တုံ့ပြန်ရန် နှောင့်နှေးနေကြောင်း ဆိုသည်။

“သြစတြေးလျမှာဖြစ်ဖြစ်၊ နိုင်ငံတကာမှာ ဖြစ်ဖြစ် ကျွန်လုပ်သား အသုံးပြုမှုကို တားမြစ်ခြင်းနဲ့ အပြစ်ဒဏ်ပေးတဲ့ ဥပဒေကိုအရေးပေါ်အကောင်အထည်ဖော်သင့်ပါတယ်” ဟု သူမက ပြောကြားသည်။

တရုတ်က ကြီးထွားလာနေသော အပြည်ပြည်ဆိုင်ရာအင်အားနှင့်သြဇာလွှမ်းမိုးမှုကို အသုံးပြု၍ သြစတြေးလျကဲ့သို့သော နိုင်ငံများအား အနိုင်ကျင့်ပြီး ထုတ်ဖော်ပြောဆိုခြင်းမပြုရန် လုပ်ဆောင်နေကြောင်း သူမက ပြောကြားခဲ့သည်။

အရှေ့တာကစ္စတန် သြစတြေးလျအသင်းဥက္ကဋ္ဌ မာဂျစ်က ယင်းစခန်းများရှိ ဝီဂါများကို တစ်နေ့လျှင် ၁၈ နာရီကျော် အလုပ်လုပ်ရန် အတင်းအကြပ်ခိုင်းစေနေကြောင်း ပြောကြားခဲ့သည်။

သူကိုယ်တိုင် အပါအဝင် သြစတြေးလျ ဝီဂါတချို့၏ မိသားစုဝင်များသည် ယင်းအဓမ္မလုပ်အားပေးစခန်းများတွင် လုပ်ကိုင်နေရကြောင်း သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required