အိန္ဒိယက တရုတ်ထက် ပိုမို ယုံကြည်စိတ်ချရသည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမိတ်ဖက်ဖြစ်နိုင်

အိန္ဒိယက တရုတ်ထက် ပိုမို ယုံကြည်စိတ်ချရသည့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမိတ်ဖက်ဖြစ်နိုင်
Photo: EPA

ထိရောက်မှုမရှိသော ကာကွယ်ဆေးများကို တင်ပို့သည့် အန္တရာယ်ကြောင့် တရုတ်နိုင်ငံက ၎င်းတို့အပေါ် အနောက်နိုင်ငံများအစား ရွေးချယ်စရာ တစ်ခု ဖြစ်လာရန် လုပ်ဆောင်နေသော်လည်း ခိုင်မာ ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမိတ်ဖက်ဖြစ်ကြောင်း သက်သေပြရာတွင် တရုတ်ထက် အိန္ဒိယက ပိုမိုအောင်မြင်နေသည်ဟု ဝီဂါလွတ်လပ်မှု ဖောင်ဒေးရှင်း၏ အယ်ဒီတာချုပ် ဂျော်ဂျီယာ အယ် ဂေလ်ဟိုလီက ပြောကြားလိုက်သည်။

ကမ္ဘာတစ်ဝန်းသို့ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပြီးနောက် ပြည်ပနိုင်ငံများသို့ ကာကွယ်ဆေးများတင်ပို့မှုတွင် အများက လက်ခံရန် အလျင်စလို တင်ပို့မှုများဖြင့် တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ်နေကြောင်း ဂေလ်ဟိုလီက National Interest မဂ္ဂဇင်း၏ သဘောထားအမြင်ကဏ္ဍတွင် ရေးသားခဲ့သည်။

တရုတ်၏ ကာကွယ်ဆေးမဟာဗျူဟာနှင့် ပတ်သက်ပြီး အဓိကစိုးရိမ်ပူပန်ရသည့်အချက်မှာ Sinopharm ကာကွယ်ဆေး၏ အရည်အသွေးညံ့ဖျင်းခြင်းဖြစ်သည်ဟု ဂေလ်ဟိုလီက ပြောကြားခဲ့သည်။ တရုတ်အစိုးရက စမ်းသပ်မှုအဆင့်သုံး၏ အချက်အလက်များကို ထုတ်ပြန်ရန်ငြင်းဆန်နေခြင်းက တရုတ်ဆေးဝါးလုပ်ငန်းတွင် အံ့ဩစရာမဟုတ်သည့် အတွင်းရေးပြသနာပင် ဖြစ်ကြောင်း ဂေလ်ဟိုလီက ရေးသားထားသည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များအကြားဖြစ်ပွားခဲ့သည့် အကျင့်ပျက်ခြစားမှုဆိုင်ရာ တရားစွဲဆိုမှု ၅၉ ခုနှင့် ဒေသန္တရအာဏာပိုင်များပါဝင်သော လာဘ်ပေးလာဘ်ယူမှု ၅၄မှုတွင် တရုတ်ကာကွယ်ဆေး ကုမ္ပဏီများ ပါဝင်သည်ဟု ဂေလ်ဟိုလီက ရေးသားထားသည်။

“New York Times သတင်းစာတွင် မကြာသေးမီက ဖော်ပြချက်အရ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် Shenzhen Kangtai Biological Products ကုမ္ပဏီက ၎င်းတို့၏ ကာကွယ်ဆေးများကို အတည်ပြုချက်ရပြီး ဈေးကွက်ထဲလျှင်လျှင်မြန်မြန်ဖြန့်လိုက်ခြင်းသည်။ သံသယဖြစ်စရာကောင်းသောကြောင့် လာဘ်ပေးလာဘ်ယူမှုစွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်” ဟု သူမက ပြောကြားခဲ့သည်။

“ထိရောက်မှု မရှိသည့် ကာကွယ်ဆေးများ တင်ပို့နိုင်သည့် အန္တရာယ် ရှိနေသော်လည်း အနောက်နိုင်ငံများအစား ရွေးချယ်နိုင်သည့် အခြေအနေဖြစ်စေရန် ရည်ရွယ်ချက်ကြောင့် တရုတ်အနေဖြင့် ကာကွယ်ဆေးကို အပြိုင်အဆိုင်ထုတ်လုပ်နေခြင်း ဖြစ်ပါတယ်။ အိန္ဒိယရဲ့ အောင်မြင်မှုကတော့ အနောက်နဲ့ ပစိဖိတ်မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်” ဟု သူက ထပ်လောင်းပြောကြားသည်။

တရုတ်လူမှုမီဒီယာများတွင် လူပြောများလာသည်မှာ ဒေသခံစီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များနှင့် အစိုးရဌာနများသည် အတင်းအဓမ္မကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင်ပါဝင်နေကြပြီး ကာကွယ်ဆေးအားလုံးသည် မိမိဆန္ဒအလျောက်ကာကွယ်ဆေးထိုးရမည့် အမျိုးသားလမ်းညွှန်ချက်များ နှင့် မကိုက်ညီဘဲ ကာကွယ်ဆေးထိုးသူ အရေအတွက် မြင့်တက်လာသည့် မကြာသေးမီ စာရင်းများတွင် ကိုယ်ဝန်ဆောင်များကိုပါ ထည့်သွင်းထားခြင်းဖြစ်နိုင်ကြောင်း ဂေလ်ဟိုလီက ထောက်ပြပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly