ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည့် ရေယာဉ်ကို စစ်ကောင်စီတပ် ပစ်ခတ် 

ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည့်နေသည့် ရေယာဉ်ကို စစ်ကောင်စီတပ် ပစ်ခတ် 
photo - Salween Press

ထိုင်း မြန်မာနယ်စပ် သံလွင်မြစ် အတွင်း ထိုင်းတပ်ဖွဲ့ဝင်များ ကင်းလှည်နေသည် ရေယာဉ် တစ်စင်းကို အာဏာသိမ်း စစ်ကောင်စီတပ်က ဧပြီလ ၂၂ ရက်နေ့တွင် ခြိမ်းခြောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထသဖန်း ကျေးရွာ တဖက်ကမ်း မြန်မာနိုင်ငံဘက်တွင် လှုပ်ရှားနေသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း Thai Karen Group (TKG) မှ တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြော သည်။ 

photo - Salween Press

အာဏာသိမ်း ကောင်စီတပ်များက ထိုင်းတပ်ဖွဲ့ဝင်များ ကင်လှည့်နေသည့် ရေယာဉ်ကို ကမ်းကပ်ခိုင်းရာမှ မလိုက်နာသဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါခြိမ်းခြောက်ပစ်ခတ်မှုကို ထိုင်းဘက်ကတော့ ပြန်လည်တုန့်ပြန်မှု မပြုလုပ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့တဲ့ တစ်ပတ်ကလည်း သံလွင်မြစ်ထဲတွင် ပြေးဆွဲနေသည့် စက်လှေတချို့ကို အာဏာသိမ်းတပ်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required