လမ်းပိတ်နေတဲ့ စူးအက်တူးမြောင်းကြီး ပွင့်သွားပြီ

31 March 2021
လမ်းပိတ်နေတဲ့ စူးအက်တူးမြောင်းကြီး ပွင့်သွားပြီ

အီဂျစ်နိုင်ငံထဲက စူးအက်တူးမြောင်းကြီးထဲမှာ ကုန်တင်သင်္ဘောကြီး တစင်း သီတင်းတပတ်နီးပါးကြာပိတ်ဆို့နေခဲ့လို့ ကမ္ဘာ့ကုန်သွယ်ရေးမှာ နေ့စဉ် ဒေါ်လာသန်းထောင်ပေါင်းများစွာ ဆုံးရှုံးနေရတဲ့ ပြဿနာ တနင်္လာနေ့မှာ အဆုံးသတ်သွားပါပြီ။ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် ပင်မအသက်သွေးကြောကြီးတခုအဖြစ်တင်စားခေါ်ဝေါ်ကြတဲ့ စူးအက်တူးမြောင်းကြီးအလယ်မှာ ကုန်တင်သဘောၤကြီး ဓားလွယ်ခုတ်ပုံစံနဲ့ ကန့်လန့်ဖြတ် ပိတ်ဆို့နေခဲ့တာကြောင့် ကုန်သွယ်ရေးအပေါ်ထိခိုက်နေရသလို ဒီလိုမတော်တဆမှုမျိုးထပ်မဖြစ်အောင် အီဂျစ်အစိုးရက စုံစမ်းစစ်ဆေးနေပါပြီ။ AP နဲ့ AFP သတင်းတွေကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly