တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သားများကို စော်ကားမှုဖြင့် သူဌေးကြီးတစ်ဦး၏ သားကို ဖမ်းရန် သတင်းထွက်ပေါ် 

တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တရုတ်စစ်သားများကို စော်ကားမှုဖြင့် သူဌေးကြီးတစ်ဦး၏ သားကို ဖမ်းရန် သတင်းထွက်ပေါ် 

မတ် ၂၃

ပြီးခဲ့သည့်နှစ်က အိန္ဒိယနှင့် ဂေါ်ဝမ်ချိုင့်ဝှမ်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သေဆုံးခဲ့ရသည့် စစ်သားများအား စော်ကားသဖြင့် တရုတ်သူဌေးကြီးပန်ရှစ်ရိ၏ သားကိုရဲများက အလိုရှိနေဟု သတင်းများထွက်ပေါ်နေသည်။

ဟောင်ကောင်သတင်းစာApple Daily ၏ ဖော်ပြချက်အရ ပန်ရွတ်အမည်ရှိ အမျိုးသားသည် ယမန်နှစ် ဇွန်လ၂၃ရက်က တရုတ်တွစ်တာကဲ့သို့ဖြစ်သော Weiboတွင် ရေးသားခဲ့ရာတွင် သူရဲကောင်းများနှင့်အာဇာနည်များကိုစော်ကားခဲ့ပြီး လူ့အဖွဲ့အစည်းအပေါ်မကောင်းသည့် သြဇာလွှမ်းမိုးရန် ကြိုးပမ်းခဲ့ကြောင်း ပေကျင်းဟိုင်းဒယန်ခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

သတိပေးစာတွင် ထိုသူ၏နာမည်အပြည့်အစုံမဖော်ပြခဲ့သော်လည်း ရှန်စီလူငယ်သတင်းနှင့် လျောင်းနင် ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်၏Weiboစာမျက်နှာများတွင် ထိုသူသည် ပန်ရွတ်ဖြစ်သည်ဟုသံသယရှိခဲ့သည်။ သူ၏ဖခင်သည် ဆောက်လုပ်ရေးလုပ်ငန်းSoho China ကိုတည်ထောင်ထားသူဖြစ်သည်။

ပြီးခဲ့သည့်ဇွန်လကအိန္ဒိယနှင့်ဂေါ်ဝမ်ချိုင့်ဝှမ်းတွင်ဖြစ်ပွားခဲ့သောစစ်ပွဲများအတွင်း သေဆုံးမှုနှင့်ပတ်သက်၍ ရေးသားခဲ့သည့်အတွက် ပရိသတ် သန်းချီရှိသည့် ထင်ပေါ်ကျော်ကြားသော တရုတ်ဘလော့ဂါတစ်ဦးလည်း ယခုလအစောပိုင်းက တရားစွဲခံခဲ့ရသည်။

အာဏာပိုင်များက အဆိုပါ နာမည်ကျော် ဘလော့ဂါအား နယ်စပ်ပဋိပက္ခကြောင့် စစ်တပ်မှ ထိခိုက်ဒဏ်ရာရမှုများအား သိက္ခာခ ျစော်ကားသည်ဟုစွပ်စွဲခဲ့ကြောင်းSouth China Morning Post သတင်းစာကဖော်ပြခဲ့သည်။
အသက်၃၈နှစ်အရွယ် ချီကျီမင်းကို အရှေ့ပိုင်းနန်ကျင်းမြို့ရှိအစိုးရရှေ့နေများက“ မှားယွင်းသောအချက်အလက်များ၊ တရုတ်နယ်စပ်ကိုခုခံကာကွယ်သော စစ်သား၅ဦးကိုအသရေဖျက်မှုနှင့် လူမှုရေးဆိုးကျိုးများ ဆိုးဆိုးရွားရွားဖြစ်ပေါ်စေခဲ့သည်”ဆိုကာစွဲချက်တင်ခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်စစ်တပ်သည် လပေါင်းများစွာကြာသော နှုတ်ဆိတ်နေမှုကိုအဆုံးသတ်ခဲ့သည်။ တရုတ် စစ်သား ၄ ဦး သည် ဇွန်လ က ဂေါ်ဝမ်ချိုင့်ဝှမ်းပဋိပက္ခအတွင်း ကျဆုံးခဲ့သည်ဟု အတည်ပြုခဲ့သည်။ ၎င်းတို့၏တပ်မှူးဖြစ်သူ သည်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

အစိုးရမီဒီယာများက တိုက်ပွဲဖြစ်ပွားသည့်သတင်းကို ထုတ်လွှတ်ခဲ့ပြီး ယင်းတွင် ချီကအိန္ဒိယတပ်များဘက်သို့ လမ်းလျှောက်ကာ ဖက်လဲတကင်းသွားရောက်ခဲ့ပြီး တိုက်ပွဲရပ်ရန်ကြိုးပမ်းခဲ့ပုံကိုပြသခဲ့သည်။ ရုရှားသတင်းအေဂျင်စီကလည်း ဂေါ်ဝမ်ချိုင့်ဝှမ်းတိုက်ပွဲများတွင် တရုတ်စစ်သား၄၅ဦး သေဆုံးခဲ့သည်ဟုဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly