မတ် ၂၀
ပါကစ္စတန်အနေဖြင့် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သန်းကို မတ်လ ၁၇ ရက်က ရရှိပြီးနောက်တစ်နေ့တွင် ဝန်ကြီးချုပ် အီမရာခန်းသည် အဆိုပါ ကာကွယ်ဆေးကို မတ် ၁၈ ရက်နေ့က ပထမအကြိမ် ထိုးလိုက်သည်။
ပါကစ္စတန်သို့ ဒုတိယအကြိမ်ရောက်ရှိလာသည့် Sinopharm ကာကွယ်ဆေးသည် ကိုဗစ်-၁၉ အတွက် နိုင်ငံအတွင်းတစ်မျိုးတည်းသော အမှတ်တံဆိပ်ဖြစ်ပြီး ၂ ကြိမ်ထိုးရန် လိုအပ်မည်ဖြစ်သည်။
တရုတ်နိုင်ငံက Sinopharm ကာကွယ်ဆေး အလုံး ၅ သိန်းကို ဖေဖော်ဝါရီ ၁ ရက်က ပါကစ္စတန်သို့ ပေးပို့ခဲ့ပြီး နောက်တစ်နေ့တွင် နိုင်ငံအတွင်း ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့သည်။
ရောဂါကူးစက်ခံရသူအရေအတွက် ၆၁၅၈၁၀ ဦး ရှိသွားပြီဖြစ်သော ပါကစ္စတန်တွင် ကိုဗစ်ကာကွယ်ဆေးကို မတ် ၁၀ ရက်မှစတင်၍ အများပြည်သူသို့ ထိုးနှံပေးခဲ့ပြီး သက်ကြီးရွယ်အိုများအား စတင်ထိုးပေးခဲ့သည်။ကျန်းမာရေး ဝန်ထမ်းများအား ဖေဖော်ဝါရီ အစောပိုင်းက စတင်ထိုးပေးခဲ့သည်။
အယ်လ်ဂျာဇီးယား သတင်းဌာန၏ ဖော်ပြချက်အရ ပါကစ္စတန်နိုင်ငံတွင် ကာကွယ်ဆေး ရရှိနိုင်မှု နည်းပါးနေပြီး အများပြည်သူနှင့် ကျန်းမာရေးဝန်ထမ်းများအကြား လုံလောက်သည့် ကာကွယ်ဆေးအရေအတွက် မရရှိနိုင်သေးဘဲ GAVI အစီအစဉ်မှ AstraZeneca အမှတ်တံဆိပ် ကာကွယ်ဆေး ၂ဒသမ ၈ သန်းကို ယခုလအတွင်း ရရှိရန် မျှော်လင့်ထားသည်။
Sinopharm နှင့် AstraZeneca ကာကွယ်ဆေးများအပြင် ရုရှား၏ Sputnik နှင့် တရုတ်မှ CanSinoBIO အမှတ်တံဆိပ်များကိုလည်း အရေးပေါ် လိုအပ်ချက်အတွက် သုံးစွဲရန် အတည်ပြုပေးထားသည်။