အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ဒီဂျစ်တယ်ငွေကြေးစနစ် ပိတ်ပင်မှုကို ပြန်လည်စဉ်စားမည်

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ဒီဂျစ်တယ်ငွေကြေးစနစ် ပိတ်ပင်မှုကို ပြန်လည်စဉ်စားမည်

အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နာမလာ ဆီသာရာမန်က ၎င်းတို့အစိုးရသည် ဒီဂျစ်တယ် ငွေကြေးများကို လုံးဝပိတ်ပင်ထားလိမ့်မည်မဟုတ်ကြောင်းနှင့် ယင်းစနစ်ကို ဆန်းသစ်တီထွင်မှု ပြလုပ်လိုကြောင်း မတ်လ၅ရက်နေ့က ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

အိန္ဒိယ စီးပွားရေးနှင့်ဘဏ္ဍာရေးသတင်းရုပ်သံလိုင်းCNBC TV18 တွင်သူမက“ဒီဂျစ်တယ် ငွေကြေး လောကမှာ ဖြစ်ပေါ်မယ့် စမ်းသပ်မှု အမျိုးမျိုးအတွက် တံခါးပေါက်တစ်ခုရှိပါတယ်။ ကျွန်မတို့ကမျက်စိ ပိတ်နားပိတ်မဟုတ်ပါဘူး" ဟုပြောကြားခဲ့သည်။

ပုဂ္ဂလိက ဒီဂျစ်တယ် ငွေကြေး များကို အားလုံးကို ပိတ်ပင်မည့် အိန္ဒိယအစိုးရထံမှ ယခုနှစ်ဇန်နဝါရီလတွင် အဆိုပြုထားသော ဥပဒေကြမ်းကို ဆီသာရာမန်၏ မှတ်ချက်များက တုန့်ပြန်ထားခြင်း ဖြစ်သည်။ အဆိုပြုထားသော ဥပဒေတွင် ဗဟိုဘဏ်မှထုတ်လုပ်ပေးမည့် တရားဝင် ဒီဂျစ်တယ် ငွေကြေး ဖန်တီးရန်နှင့် စည်းမျဉ်းများပါဝင်သော စနစ်တစ်ခုပါဝင်ပြီး၊ ဒီဂျစ်တယ် ငွေကြေး အခြေခံနည်းပညာဖြစ်သော blockchain ကို

မြှင့်တင်ခြင်းတို့ပါဝင်သည်။ အိန္ဒိယReserve Bank ၏ "ဒစ်ဂျစ်တယ်ရူပီး" သည်တရုတ်"ဒစ်ဂျစ်တယ်ယွမ်" နှင့်ဆင်တူမည်ဖြစ်သည်။

အစိုးရက ဒီဂျစ်တယ် ငွေကြေးကို ပိုမိုနားလည်ရေးနှင့် ယင်းကိုတားမြစ်ပိတ်ပင်မည်ဟူသော သတင်းများကို တုန့်ပြန်ရန်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် စည်းရုံးလှုံ့ဆော်ရေး အဖွဲ့များဖြစ်သော Blockchain၊ Crypto နှင့်Digital Asset Entrepreneurs အဖွဲ့နှင့်Blockchainနှင့်Crypto ကော်မတီတို့ကိုဖွဲ့စည်းခဲ့သည်။

ဖေဖော်ဝါရီလလယ်တွင် ဒီဂျစ်တယ် ငွေကြေးရောင်းဝယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သော Coinbase ၏ နည်းပညာအရာရှိချုပ် ဘာလာဂျီ ဆရီနီဝါဆန် က အဆိုပြုထားသော ဥပဒေကို“အင်တာနက်ကိုပိတ်ပင်ခြင်း”နှင့်နှိုင်းယှဉ်ခဲ့သည်။အွန်လိုင်းစီးပွားရေးသတင်းဖော်ပြသည့်The CapTable နှင့်အင်တာဗျူးတွင်သူက“ ချဲ့ကားပြောကြားခြင်းမဟုတ်ဘဲ၊ အိန္ဒိယအတွက် ဒေါ်လာထရီလီယံပေါင်းများစွာနစ်နာမည့်အမှားကိုပြုလုပ်နေခြင်းဖြစ်ကြောင်း”ဆိုခဲ့သည်။

ဗဟိုဘဏ်က "တရားမဝင်သော ဒီဂျစ်တယ် ငွေကြေး " များကို ကြီးကြပ်ရန်ဦးဆောင်လိမ့်မည်ဟု ဆရီနီဝါဆန် ကပြောကြားခဲ့ပြီး၊ သူမ၏မှတ်ချက်များသည် ဒီဂျစ်တယ် ငွေကြေးက လုံးလုံးလျားလျား တားမြစ်ခြင်းအစား စည်းမျဉ်းများဖြင့် ထိန်းညှိနိုင်ခြေရှိသော သဘောကို ရည်ညွှန်းခဲ့သည်။ "အလွန်ချိန်သားကိုက်အောင်လုပ်ယူရမယ့်အနေအထားပါ" ဟုသူမကဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly