အနောက်နိုင်ငံအစိုးရများက တရုတ်နှင့် ဆက်ဆံရေး မလျှော့ချလျှင် ဟောင်ကောင်ကဲ့သို့ပင် အနိုင်ကျင့်ခံရမည်ဟု အစီရင်ခံစာတစ်ခုတွင် သတိပေး

အနောက်နိုင်ငံအစိုးရများက တရုတ်နှင့် ဆက်ဆံရေး မလျှော့ချလျှင် ဟောင်ကောင်ကဲ့သို့ပင် အနိုင်ကျင့်ခံရမည်ဟု အစီရင်ခံစာတစ်ခုတွင် သတိပေး

ပေကျင်း

တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများသည် ဟောင်ကောင်တွင် ပြင်းထန်သည့် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းကို ချောမွေ့အောင် လုပ်ဆောင်ပေးခဲ့ကြောင်း Hong Kong Watch က အစီခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အနောက်နိုင်ငံများအနေဖြင့် တရုတ်အစိုးရ၏ အနိုင်ကျင့်မှုများကို မကြုံရစေရန် တရုတ်နှင့် ကုန်သွယ်ရေးကို လျှော့ချသင့်ကြောင်း ဟောင်ကောင်ကို ဥပမာပေးဖော်ပြထားသည့် အစီရင်ခံစာအသစ် တစ်စောင်တွင် သတိပေးထားသည်။

ဟောင်ကောင်တွင် တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံမှုများ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ပုံမှန်မြင့်တက်လာခြင်းသည် တရုတ်အစိုးရအနေဖြင့် ၎င်း၏ နိုင်ငံရေးရည်မှန်းချက်များကို ဟောင်ကောင်တွင် အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးမှု ဖြစ်စေခဲ့ကြောင်း Hong Kong Watch ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

“တရုတ်အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေကို ၂၀၀၃ ခုနှစ်က ပြဌာန်းရာမှာ မအောင်မြင်ဘဲ ရင်းနှီးမြှုပ်နှံတွေ အများအပြားဝင်ရောက်လာပြီး ၂၀၂၀ ခုနှစ်မှသာ အောင်မြင်ခဲ့ရတာကို ကြည့်ရင် သိနိုင်ပါတယ်” ဟု Hong Kong Watch ၏ မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဂျွန်ပက်တာဆန်က ပြောသည်။

“ကုမ္ပဏီတွေရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ကတော့ ကွန်မြူနစ်ပါတီရဲ့ အကျိူးစီးပွားအတွက် ဖြစ်တယ်ဆိုတာ အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဖော်ပြနေပါတယ်”

ဥပမာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီတောင်းဆိုသည့် ဆန္ဒပြပွဲများသို့ ပါဝင်ခွင့်ကို ဟောင်ကောင်ရှိ တရုတ်ကုမ္ပဏီများက အလုပ်သမားများကို တားမြစ်ထားသည်။

ဟောင်ကောင်မီဒီယာများအနက်မှ ၃၅ ရာခိုင်နှုန်းသည် တရုတ်ပြည်မကြီးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင် ထားခြင်းကြောင့် တရုတ်အစိုးရအနေဖြင့် မီဒီယာလုပ်ငန်းကို ဆင်ဆာနှင့် သတင်းဖော်ပြမှုများကို ကိုင်တွယ် ပုံဖော်ထားနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီများအနေဖြင့် ဟောင်ကောင်မီဒီယာများတွင် ကြော်ငြာထည့်သွင်းခွင့်အပေါ် တရုတ်အစိုးရက တားမြစ်ထားသဖြင့် သတင်းအဖွဲ့အစည်းတို့၏ ဝင်ငွေဖြင့် ရပ်တည်မှုကို ထိခိုက်စေသည်။

သတင်းစာထုတ်ဝေသူနှင့် ဒီမိုကရေစီလိုလားသူ ဂျင်မီလိုင်းကို အနောက်အုပ်စုများနှင့် ပူးပေါင်းသူဟု စွပ်စွဲကာ ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လုံခြုံရေး ဒုစရိုက်မှု ဖြင့် တရားစွဲဆိုကြော်ငြာထည့်သွင်းခြင်းမပြုရန် တားမြစ်ခဲ့ထားရသည့် အဖွဲ့အစည်းများအနက် ၎င်းပိုင်ဆိုင်သည့် ဟောင်ကောင် သတင်းစာငယ် Apple Daily လည်း ပါဝင်သည်။

အနောက်နိုင်ငံများမှ မူဝါဒချမှတ်သူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ခြင်းမှ ရှောင်ရှားကြရန်နှင့် ယင်းငွေကြေးများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သုံးစွဲကြမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

နိုင်ငံတော် ပင်စင်ရန်ပုံငွေများကို လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ပါဝင်သည့် တရုတ်ကုမ္ပဏီများ၌ ရင်းနှီး မြှုပ်နှံခြင်း မပြုနိုင်ရန် အစိုးရများက လုပ်ဆောင်ရမည်။

တရုတ်နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများသည် အနောက်နိုင်ငံများက တရုတ်အစိုးရအပေါ် အားကိုးလာအောင် လုပ်ဆောင်မှုများ ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ၏ နည်းလမ်းကို အောင်မြင်စေရန် စည်းမျည်းများကို လိုက်နာရပြီး အစိုးရ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။

ဟွာဝေးကဲ့သို့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီများအပေါ် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများက အနာဂတ် ဆယ်လ်လူလာ ကွန်ရက်အခြေခံအဆောက်အဦဆိုင်ရာ လုံခြုံရေးအတွက် အားထားမှုများ ရှိလာသည်။

“အသိဝင်ဖို့ အချိန်တန်ပါပြီ။ အနောက်နိုင်ငံတွေက အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်ကို သွားနေတယ်ဆိုတာနဲ့ သူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်ကို ဦးတည်နေသလဲဆိုတာ သတိပြုဖို့လိုပါတယ်” ဟု ပက်တာဆန်က ပြောသည်။

“တရုတ်အစိုးရရဲ့ အကြံအစည်တွေပါတဲ့ ရင်းနှီးမြှပ်နှ့မှုတွေကို အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနဲ့ အာရှတိုက်တွေမှာ နောက်ထပ် ၁၀ နှစ်အထိ မတားဆီးနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ပထဝီနိုင်ငံရေး တံခါးပေါက်ကို တရုတ်အစိုးရက လွှမ်းမိုးလာမှာပါ” ဟု ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly