တစ်ပတ်အတွင်း နေပြည်တော် ဒီချုပ်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးခံရ

တစ်ပတ်အတွင်း နေပြည်တော် ဒီချုပ်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးခံရ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ က်နေ့ကနေ မတ်လ၂ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးမင်းသူနှင့်  ကိုယ်စားလှယ် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ဦးမင်းသူကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်အစောပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ်ရှိ ရွှေဂုံတိုင် ဟော်တယ်မှာတည်းခိုနေစဉ် ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဦးမင်းသူဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သူ့ရဲ့သားဖြစ်သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ "အခုအဖေဖမ်းဆီးခံလိုက်ရတဲ့ အခြေအနေမှာ စစ်တပ်နဲ့ရဲက အခန်းနံပါတ်အတိအကျနဲ့ နာမည်ပြောပြီး လာဖမ်းသွားတာပါ။ဖေဖေ သတင်းပေးခံလိုက်ရတယ်လို့ ယူဆပါတယ်"ဟု ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ နေ့လည်ပိုင်းက ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်ကိုလည်း  ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိမှာတော့  ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဦးကျော်မင်းလှိုင်နဲ့ အဆက်အသွယ် မရရှိသေးဘူးလို့ သူ့ရဲ့ အမျိုးသမီးက ပြောပါတယ်။

ဒီကနေ့ မတ်လ၂ရက်‌‌နေ့ နံနက် အစောပိုင်းကလည်း ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်ထွန်းကို သူနေထိုင်ရာ သာဝတ္ထိလမ်းဆုံအနီးမှာ ဖမ်းဆီးထိန်းသိမ်းသွားကြောင်း သိရသည်။

"မိသားစု​တွေက​တော့ အကုန်လုံးစိတ်မ​ကောင်းကြဘူး။ ဘယ်မှာရှိလဲဆိုတာလည်းသိချင်တယ်။ အဲ့အတွက် ဒက္ခိဏရဲစခန်းကိုလည်း ခုသွား​နေပါပြီ"ဟု သူမရဲ့ အမျိုးသမီးက ပြောသည်။

လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုပါ ဒီချုပ်ပါတီကိုယ်စားလှယ် သုံးဦးကို မည်သည့်နေရာမှာ ဖမ်းဆီးထားသည်ဆိုတာကို အဆက်အသွယ်မရရှိသေးကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly