ပါကစ္စတန်ဝန်ကြီးချုပ် အလည်အပတ်ခရီးက သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့ကို မစည်းရုံးနိုင်ခဲ့

ပါကစ္စတန်ဝန်ကြီးချုပ် အလည်အပတ်ခရီးက သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့ကို မစည်းရုံးနိုင်ခဲ့
Photo: EPA

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CEPC)နှင့် ကာကွယ်ရေးနှင့် ပတ်သက်သည့် ထိန်းချုပ်မှု လိုင်းကြောင်း (LOC) ကဏ္ဍများအတွက် သီရိလင်္ကာနို်ငငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပါကစ္စတန်ဝန်ကြီးချုပ် အနေဖြင့် အဆင်ပြေစေရန် အကောင်းဆုံး ကြိုးပမ်းခဲ့သော်လည်း ဗုဒ္ဓဘာသာတို့၏ အသိုင်းအဝိုင်းအပေါ် အောင်မြင်စွာ စည်းရုံးနိုင်ခြင်း မရှိခဲ့ပေ။

ပါကစ္စတန်ဝန်ကြီးချုပ်က ပါလီမန်တွင် မိန့်ခွန်းပြောရန် အဆိုပါခြင်းကို ခွင့်မပြုရန် သီရိလင်္ကာအာဏာ ပိုင်များ အား ဖိအားပေးခဲ့သည့် အိန္ဒိယအပေါ် ၎င်းက ဒေါသတစ်ကြီး ပြစ်တင်ခဲ့သည်။ သူ့အနေဖြင့် နိုင်ငံအတွင်းမှ အောက်ခြေ ဗုဒ္ဓဘာသာဝင် အများစုအား ပစ်မှတ်ထားမည်ကိုပင် စိုးရိမ်မှုများ ရှိခဲ့သည်။

ယင်းသို့ စိုးရိမ်ထိတ်လန့်မှုတွင် နောက်ခံအကြောင်းအရာရှိနေသည်။ လွန်ခဲ့သည့် နှစ်များစွာက ပါကစ္စတန် သံတမန် အေမာ ဇူဘာဆစ်ဒီကီအား သီရိလင်္ကာသို့ ပို့ကာ အရေးပါသည့် ကာကွယ်ရေးဌာနနှစ်ခုကို အကြမ်း ဖက်တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဆစ်ဒီကီသည် Easter Sunday သတ်ဖြတ် မှုအတွင်း ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများကို စည်းရုံး သိမ်းသွင်းခဲ့သည်။ အပြစ်မဲ့ ပြည်သူ ၂၅၀ ကျော် သေဆုံးစေခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံသား ၉ ဦး ကို ဖမ်းမိခဲ့သည်။

ယင်းအကြမ်းဖက်သမားများသည် ပါကစ္စတန်နိုင်ငံမှ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ချိတ်ဆက်နေသည်။ ပါကစ္စတန်နိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး မာဖီးယားဂိုဏ်းများက ဥရောပသို့ ရေလမ်းမှတစ်ဆင့် ဆေးများကို ပို့နိုင်ရန် သီရိလင်္ကာကို လမ်းကြောင်းအဖြစ် အသုံးချနေကြသည်။ မူးယစ်မှောင်ခိုကူးရာမှ ရရှိလာသည့် ငွေများကို သီရိလင်္ကာအတွင်းရှိ အကြမ်းဖက်အုပ်စုများ ထောက်ပံ့နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Easter Boombings တိုက်ခိုက်မှုတွင် အဆင့်မြင့်တိုက်ခိုက်သည့် နည်းလမ်းများကို အသုံးပြုနိုင်သည်မှာ ပါကစ္စန်၏ အခန်းကဏ္ဍပါဝင်ကြောင်းကို ငြင်းပယ်၍ ရမည်မဟုတ်ပေ။

ဗုဒ္ဓဘာသာများနှင့် သီရိလင်္ကာ၊ သဘောထား တင်းမာသည့် ပါကစ္စတန်နိုင်ငံသားတို့အကြား အမုန်းသည် ရှေးယခင်ကပင် ရှိခဲ့သည်။

သီရိလင်္ကာအမျိုးသား ခရစ်ကတ်အသင်းကို ၂၀၀၉ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုသည် မှတ်ဉာဏ်ထဲတွင် ယခုတိုင် အသစ်ဖြစ်နေဆဲဖြစ်သည်။

ကစားသမားများ စီးနင်းရန် လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးကို ပါကစ္စတန် အကြမ်းဖက်သမား ၃ ဦးက ရော့ကတ်ဖြင့် ပစ်ခြင်း၊ လက်ပစ်ဗုံးတို့ဖြင့် တိုက်ခိုက်ခြင်းတို့မှ ခရစ်ကတ်သမားအနည်းငယ်သာ လွတ်မြောက် နိုင်သည်။ မဟီလာဂျရာဝါဒီနေနှင့် ကူမာ ဆန်ဂါကာတို့ တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရခဲ့သည်။ ၎င်းတို့ကို အနီးရှိ အားကစားခန်း မှ ပြည်သူများကို ရဟတ်ယာဉ်ဖြင့် လေတပ်စခန်းတစ်ခုသို့ သယ်ဆောင်ခဲ့သည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက် လုပ်ငန်းစဉ်များဖြစ်ပေါ်စေရန် ပါကစ္စတန်က သီရိလင်္ကာကို အသုံးချခဲ့သည်ဟု ဆိုသည်။ အိုင်အက်စ်နှင့် ပါကစ္စတန်တို့ ပူးပေါင်းကာ နိုင်ငံတောင်ပိုင်းတွင် လူများ စုဆောင်းလိုသည်။ လူမျိုးရေးအတွေးအခေါ်နှင့် လက်နက်များလွဲပြောင်းပေးရာတွင် သီရိလင်္ကာသည် ပါကစ္စတန်အတွက် အရေးပါသည့် လမ်းကြောင်းဖြစ်ခဲ့သည်။

ထို့ပြင် အကြမ်းဖက် လုပ်ငန်းစဉ်များကြောင့် သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်သည်။ ယင်းကဏ္ဍသည် အဆိုပါနိုင်ငံ၏ နိုင်ငံခြားငွေကြေးအတွက် အကြီးဆုံး လမ်းကြောင်းတစ်ခုဖြစ်သည်။ ၂၀၁၉ ုနှစ် တိုက်ခိုက်မှုတစ်ခုကပင် သီရိလင်္ကာ၏ ခရီးသွားလုပ်ငန်း တိုးတက်မှုကို ၁၀ စုနှစ်တစ်ခုအထိ ထိခိုက်စေခဲ့သည်။ ခရီးသွားလုပ်ငန်းနှင့်နေ့ချင်းပြန် ခရီးစဉ်အတွက် ဟိုတယ်အခန်းကြိုတင် ဘွတ်ကင်များ ပယ်ဖျက်ခဲ့သည်။ ၂၀၁၉ ဒေါ် ၅ ဘီလျံခုနှစ်က ခရီးသွားလုပ်ငန်းမှရရှိခဲ့ပြီး တစ်နိုင်ငံလုံး ဝင်ငွေမှာ ဒေါ်လာ ၄.၄ ဘီလျံ ရှိခဲသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly