ဝန်ကြီးချုပ် မိုဒီ၏ ဒါကာအလည်အပတ်ခရီးစဉ်မတိုင်မီ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံမှု တိုးမြှင့်

ဝန်ကြီးချုပ် မိုဒီ၏ ဒါကာအလည်အပတ်ခရီးစဉ်မတိုင်မီ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံမှု တိုးမြှင့်

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အရှိန်အဟုန်သည် ဝန်ကြီးချုပ် မိုဒီ၏ အိမ်နီးချင်းနိုင်ငံသို့ မတ်လနောက်ဆုံးပတ် အလည်အပတ်ခရီးမတိုင်ခင် မြင့်တက်လာဖွယ်ရှိကြောင်း ANI သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် COVID-19 ကူးစက်ရောဂါဖြစ်ပွားကတည်းက နိုင်ငံခြားတိုင်းပြည်သို့ ပထမဆုံး အကြိမ်သွားရောက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီသည် အွန်လိုင်းအစည်းအဝေးများစွာကိုလည်း တက်ရောက်ခဲ့သည်။

ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး တရားဝင်ကြေညာချက် မထုတ်ပြန်ရသေးပေ။ သတင်းရပ်ကွက်များက ANI သို့ပြောကြားရာတွင် အလည်အပတ်ခရီးစဉ်ကို မတ်လ ၂၆ နှင့် ၂၇ရက်တို့တွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ ခရီးစဉ်နှင့်ပတ်သက်ပြီး အစီအစဉ်များကို အပြီးသတ်ညှိနှိုင်းနေဆဲဖြစ်သည်။

ဝန်ကြီးချုပ်၏ခရီးစဉ်မတိုင်မီ ပြည်ထဲရေးဝန်ကြီး Ajay Bhalla သည် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဌာန ဝန်ကြီးဖြစ်သူ Mostafa Kamal Uddin နှင့် ဒါကာတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး S Jaishankar သည်လည်း မတ်လ ၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen နှင့်တွေ့ဆုံရန်ဒါကာသို့ သွားရောက်မည်ဖြစ်သည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထိပ်တန်းဦးစားပေးအနေဖြင့်COVID-19 ကာကွယ်ဆေးများကို ပေးပို့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly