Anti တေးသီချင်း အယ်လ်ဘမ်သစ်အတွက် ကမ္ဘာလှည့် ဖျော်ဖြေပွဲ ကျင်းပမယ့် ရီဟာနား

Anti တေးသီချင်း အယ်လ်ဘမ်သစ်အတွက် ကမ္ဘာလှည့် ဖျော်ဖြေပွဲ ကျင်းပမယ့် ရီဟာနား

နယူးယော့ခ်၊ နိုဝင်ဘာ ၂၄ ။            ။ ကမ္ဘာကျော် အဆိုတော် ရီဟားနားသည် မကြာမီထွက်ရှိမည့် ၎င်း၏ တေးသီချင်း အယ်လ်ဘမ်သစ် Anti နှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း တေးသီချင်း အယ်လ်ဘမ်သစ်အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်ရန် စီစဉ်လျက် ရှိသည်။

Anti တေးသီချင်းအယ်လ်ဘမ် ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယာ ဂိုမြို့ Viejas အားကစားကွင်း၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် မြောက်အမေရိကတွင် သုံးလကြာ ပြုလုပ်သွားမည်ဖြစ်ပြီး  မေ ၇ ရက်တွင် ကာလီဖိုးနီးယားပြည် နယ် အော့ခ်လန်မြို့ရှိ Oracle အားကစားကွင်း၌ ဖျော်ဖြေပွဲကို အဆုံးသတ် သွားမည် ဖြစ်သည်။ ယင်းနောက်တွင် ရီဟားနားသည် ဥရောပတွင် နှစ်လကြာ ဖျော်ဖြေသွားမည် ဖြစ်သည်။

ရက်ပါ ထရာဗစ်စကော့သည် မြောက်အမေရိက ကမ္ဘာလှည့် ဖျော်ဖြေပွဲခရီးစဉ်တွင် ပါဝင်ဖျော် ဖြေ သွားမည်ဖြစ်ပြီး အဆိုတော် The Weeknd နှင့် ဘစ်ဆန်တို့သည် ဥရောပကမ္ဘာလှည် ဖျော်ဖြေပွဲ ခရီးစဉ်တွင် ရီဟားနားနှင့်အတူ ဖျော်ဖြေသွားမည် ဖြစ်သည်။

Anti ကမ္ဘာလှည့်ဖျော်ဖြေပွဲ လက်မှတ်များကို American Express ကဒ်အဖွဲ့ဝင်များနှင့် Tidal တေးဂီတဝန်ဆောင်မှု လစဉ်ကြေးပေးမှာ ယူသူများကို နိုဝင်ဘာ ၃၀ ရက်တွင် ရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်တွင် ပရိသတ်များအားလုံးကို ရောင်းချပေးသွားမည် ဖြစ်သည်။

“ကျွန်မနှစ်သက်တဲ့ သီချင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ တေးသီချင်း အယ်လ်ဘမ်တစ်ခု ထဲတွင် တေးသီချင်းအားလုံးထည့်ဖို့ ဆိုတာတော့ မလွယ်ကူပါဘူး။ အဆိုတော် ချာလီအိတ်ချ်စီအိတ်ချ် နဲ့ သီချင်းတွေ အတူလုပ်နေပါတယ်” ဟု စက်တင်ဘာလက NME မီဒီယာနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတွင် ရီဟားနားက ပြောကြားခဲ့သည်။

ရီဟားနား၏ ပရိတ်သတ်များသည် မကြာမီ ထွက်ရှိမည့် ၎င်း၏တေးသီချင်းအယ်လ်ဘမ်ကို စောင့်မျှော်နေသည်မှာ သုံးနှစ်တာကြာပြီ ဖြစ်သည်။Anti တေးသီချင်းအယ်လ်ဘမ်သစ် ထွက်ရှိမည့် ရက်ကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly