စစ်တပ်ရဲ့သတိပေးထုတ်ပြန်ချက်တွေရှိပေမယ့် ရန်ကုန်မှာ ဆက်လက် စုဝေးဆန္ဒပြ

စစ်တပ်ရဲ့သတိပေးထုတ်ပြန်ချက်တွေရှိပေမယ့် ရန်ကုန်မှာ ဆက်လက် စုဝေးဆန္ဒပြ

ဖေဖော်ဝါရီ ၉  

ရန်ကုန်မြို့က ဆန္ဒပြသူတွေဟာ လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ စစ်တပ်ရဲ့ သတိပေးချက်တွေကို အာခံပြီး အင်္ဂါနေ့မှာ ဆက်လက်ချီတက်ကာ ဆန္ဒပြနေကြပါတယ်။ 

တနင်္လာနေ့ညက စစ်တပ်ဟာ နိုင်ငံပိုင်ရုပ်သံဌာကန သတိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံ့တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးမယ့် ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ 

ဆန္ဒပြစုရုံးတဲ့ အဓိကနေရာတွေဖြစ်တဲ့ ရန်ကုန်က စမ်းချောင်းနဲ့ ကမာရွတ်မြို့နယ်အပါအဝင် နိုင်ငံတစ်လွှားက အဓိကမြို့တွေမှာ လူ ငါးဦးထက် ပိုမစုဖို့နဲ့ ညမထွက်ရအမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။ 

ဒါပေမယ့် ဒီမနက်မှာပဲ စမ်းချောင်းမြို့နယ်က ဆရာ/ဆရာမ အယောက် ၂၀၀ ခန့်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမိန့်တွေကို ဖီဆန်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ “တရားမျှတမှုလိုလားသည်” ဆိုတဲ့ ဆောင်ပုဒ်တွေကိုင်ဆောင်ထားတဲ့ ဆရာ/ဆရာမတွေဟာ  အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆောင်ပုဒ်တွေဟစ်ကြွေးပြီး  လက်သုံးချောင်းထောင်ကာ ချီတက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။  

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး” “ အာဏာရှင်စနစ်ကျဆုံးပါစေ” လို့ ဟစ်ကြွေးပြီး ချီတက်ဆန္ဒပြနေတဲ့ ဆရာ/ ဆရာမတွေကို ဘေးကဖြတ်သွားတဲ့ကားတွေက ဟွန်းတွေတီးပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။  

NLD ပါတီရဲ့ရုံးချုပ်ရှေ့မှာလည်း လူတွေ စုရုံးနေပြီး ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ ကိုင်ဆောင်ကာ လွှတ်ပေးဖို့ စစ်တပ်ကို တောင်းဆိုနေကြပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ (မူရင်း) အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေမှာ ဂုဏ်သိက္ခာမှေးမှိန်ခဲ့ပေမယ့် နိုင်ငံတွင်းမှာတော့ လူထုအထောက်ခံဆုံး ခေါင်းဆောင်အဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး သူမရဲ့ပါတီဟာ နိုင်ဝင်ဘာ ရွေးကောက်ပွဲမှာလည်း မဲရလဒ် ၈၀ % ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။  

ဒါပေမယ့် စစ်တပ်က မဲမသမာမှုဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ရတာလို့ ပြောခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly