မန္တလေးခရိုင် ၇ မြို့နယ်လုံး လူ ၅ ဦးထက် ပိုမစုရန်နှင့် ည၈နာရီမှ မနက် ၄ နာရီအတွင်း မထွက်ရန် အမိန့်ထုတ်

မန္တလေးခရိုင် ၇ မြို့နယ်လုံး လူ ၅ ဦးထက် ပိုမစုရန်နှင့် ည၈နာရီမှ မနက် ၄ နာရီအတွင်း မထွက်ရန် အမိန့်ထုတ်

မန္တလေးခရိုင်အတွင်း ည၈နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

"အမိန့်ထုတ်တာ မှန်ပါတယ်။ ၇ မြို့နယ်လုံးအတွက် ထုတ်ထားတာပါ။"ဟု ၎င်းက ဆိုသည်။

ထို့အပြင် မန္တလေးမြို့အတွင်း လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုရန်နှင့် ယာဉ်စီး၍ဖြစ်စေ၊ စီတန်းလှည့်လည်၍ဖြစ်စေ စည်းရုံးခြင်း၊ လှုံံ့ဆော်ခြင်းများ မပြုလုပ်ရန် အမိန့်ထုတ်ပြန်ထားသည်။

မန္တလေး ၇ မြို့နယ်အတွက် ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်ပြီး မြို့နယ်အလိုက် စာထုတ်ပြန်ထားခြင်းဖြစ်သည်။

မန္တလေးမြို့တွင် စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်သည့်အနေဖြင့် တစ်မြို့လုံး လမ်းပေါ်ထွက်ကာ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ကန့်ကွက်ဆန္ဒပြနေကြသည်။

ယနေ့နေ့ခင်းပိုင်းကလည်း တပ်မတော်မှ သတိပေးထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားပြီးနောက် ယခုကဲ့သို့ အမိန့်များ ထပ်မံထုတ်ပြန်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly