ချက်ကြံဈေးကျတဲ့အတွက် စိုက်ပျိုးဧက သုံးပုံတစ်ပုံကျဆင်း

ချက်ကြံဈေးကျတဲ့အတွက် စိုက်ပျိုးဧက သုံးပုံတစ်ပုံကျဆင်း

တစ်ရက်ကို ကြံတန်ချိန်၂၀၀၀ကြိတ်ဝါးနိုင်တဲ့ ဥက္ကံသကြားစက်ရုံတည်ရှိရာ တိုက်ကြီးမြို့နယ်မှာ ချက်ကြံဈေးနှုန်းဆက်တိုက်ကျဆင်းလာတဲ့အတွက် စိုက်ပျိုးဧကတွေ ကျဆင်း လာပါတယ်။ လွန်ခဲ့တဲ့ ၂၄နှစ်တုန်းက တိုက်ကြီးမြို့နယ်မှာ ကြံစိုက်ဧက ၁၀၀၀၀ကျော်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ချက်ကြံစိုက်ပျိုးဧကတွေ တနှစ်ထက်တနှစ် လျော့ကျလာတာပါ။ ၂၀၂၀ခုနှစ်ကြံစိုက်ရာသီမှာ စိုက်ဧက ၄၇၀၀ရှိခဲ့ရာက၂၀၂၁ ခုနှစ်ကြံစိုက်ရာသီမှာတော့ စိုက်ဧက ၃၇၀၀ပဲကျန်တော့တယ်လို့ တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးနိုင်က မဇ္စိုမကိုပြောပါတယ်။

ရိုက်ကူး / တည်းဖြတ် - ရူပါအောင်ဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly