တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲတွေမှာ အမျိုးသားရေးလှုပ်ရှားသူတွေ ပါဝင်မည်မဟုတ်ဟုဆို

တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲတွေမှာ အမျိုးသားရေးလှုပ်ရှားသူတွေ ပါဝင်မည်မဟုတ်ဟုဆို

ရန်ကုန်မြို့အပါအဝင် နေပြည်တော်စတဲ့ မြို့ကြီးတွေမှာ ခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဆိုသလို တပ်မတော်ထောက်ခံပွဲတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ဆောင်နေပါတယ်။

တပ်မတော်ထောက်ခံပွဲတွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကန့်ကွက်တာကိုတွေကို ဆောင်ရွက်ဖို့ မရှိသေးဘူးလို့ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးပညာဝံသက မိန့်ပါတယ်။

ခုလိုဆန္ဒပြတာတွေကတော့ တပ်မတော်ချစ်မြတ်နိုးသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက လုပ်ဆောင် နေတာလို့ ဦးပညာဝံသက အတည်ပြုမိန့်ကြားပါတယ်။

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း

#တပ်မတော်#ဆန္ဒပြ#အမျိုးသားရေး#နိုင်ငံရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly