ကိုဗစ်-၁၉ စိုးရိမ်မှုတွေအကြား တိုင်ပေ ဂိမ်းပြပွဲ ကျင်းပ

ကိုဗစ်-၁၉ စိုးရိမ်မှုတွေအကြား တိုင်ပေ ဂိမ်းပြပွဲ ကျင်းပ
Photo - AFP

ဇန်နဝါရီ ၂၉

တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ တိုင်ပေ ဂိမ်းပြပွဲကို ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်က တိုင်ပေမှာ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယမန်နှစ်က အဆိုပါ တိုင်ပေ ဂိမ်းပြပွဲကျင်းပမှုကို ဖျက်သိမ်းခဲ့ရပြီးနောက် ယခုနှစ်မှာ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။

ယခုနှစ်မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် အဆိုပါ ဂိမ်းပြပွဲမှာတော့ တိုင်ပေ ဂိမ်းကစားသူတွေဟာ နောက်ဆုံးပေါ် ဂိမ်းစက်တွေနဲ့ ဗီဒီယိုဂိမ်းတွေကို လက်တွေ့ တိုက်ရိုက်တွေ့ကြုံခံစားနိုင်ဖို့ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။

ဒီ ဂိမ်း ပြပွဲမှာတော့ တက်‌ရောက်လာသူတွေထဲမှာ ဗီဒီယိုဂိမ်းထဲက ဇာတ်ကောင်တွေအတိုင်း ၀တ်ဆင်ထားတဲ့သူတွေ ရှိခဲ့သလို တက်ရောက်လာသူအားလုံးကတော့ နှာခေါင်းစည်းတွေ တပ်ထားကြပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ အကြီးဆုံး ဂိမ်းပြပွဲတွေအနက်က တစ်ခုဖြစ်တဲ့ ယခုနှစ် တိုင်ပေ ဂိမ်းပြပွဲမှာတော့ ကပ်ရောဂါဆိုင်ရာ နယ်စပ် ပိတ်ထားမှုတွေကြောင့် ခရီးသွားလာလို့ မရတဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှ ကုမ္ပဏီတွေနဲ့ ဂိမ်းဖန်တီးထုတ်လုပ်သူတွေကို နေရာပေးဖို့အတွက် ပြပွဲကျင်းပရာနေရာမှာရှိတဲ့ ပြခန်းတွေနဲ့ virtual ပြခန်းပေါင်း ၄၀၀ အထိ ရှိခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်း လော့ခ်ဒေါင်းတွေ ချမှတ်ခဲ့တဲ့အချိန်ကာလတွေမှာ လူတွေဟာ ဗီဒီယိုဂိမ်းတွေကို ပိုမို၀ယ်ယူ ကစားကြတဲ့အတွက် ဗီဒီယိုဂိမ်းလုပ်ငန်းအတွက်ကတော့ အကျိုးဖြစ်ထွန်းတဲ့ နှစ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးအာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ယခုနှစ်မှာ လာရောက်သူအရေအတွက်ပိုင်းမှာ သိသိသာသာ ကျဆင်းမယ်လို့ စီစဥ်သူတွေက ခန့်မှန်းပါတယ်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ယခင် ပြပွဲတုန်းကတော့ ဧည့်သည် ၃၂၀,၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly