“ဆင်းရဲနွမ်းပါးမှုကင်းမဲ့သော” တရုတ်နိုင်ငံမှ ဆင်းရဲနွမ်းပါးသူများ

 “ဆင်းရဲနွမ်းပါးမှုကင်းမဲ့သော” တရုတ်နိုင်ငံမှ ဆင်းရဲနွမ်းပါးသူများ

ဇန်နဝါရီ ၂၈

ဆယ်စုနှစ်လေးခုကျော်ကာလအတွင်း နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုကို အောင်မြင်စွာ အမြစ်ပြတ်တိုက်ဖျက်နိုင်ရေးကို ထုတ်ဖော်ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံသည် မှန်ကန်သော အချက်အလက်များဖြင့် အတည်ပြုဖို့ မအောင်မြင်ဘဲဖြစ်နေသည်။ သမ္မတရှီကျင့်ဖျင်၏ ပုဂ္ဂိုလ်ရေးမစ်ရှင်၏ သမိုင်းဝင်ကြေညာချက်နှင့် လိုက်လျောညီထွေဖြစ်သော အောင်ပွဲသို့ ဦးတည်စေသော အချက်အလက်များနှင့် ကိန်းဂဏန်းများကို ပြသရန်မဖြစ်နိုင်ပါက နိုင်ငံတကာ အသိုင်းအဝိုင်းသည် တရုတ်အာဏာပိုင်များမှ လုပ်ကြံထားသော အချက်အလက်များနှင့် တင်ပြသောအချက်အလက်များကို ယုံကြည်ကြမှာမဟုတ်ပါ။
 
တိုင်းပြည်အတွင်းရှိ လူသန်း ၇၀၀ ကျော်သည် ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်နိုင်ခဲ့ကြောင်းနှင့် ဆယ်စုနှစ်လေးခုအတွင်း ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု ၇၀ ရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း တရုတ်က ပြောကြားခဲ့သည်။ ထို့အပြင် သမ္မတရှီသည် ၂၀၁၅ တွင် အာဏာရယူပြီးနောက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ကုလသမဂ္ဂ၏ ၂၀၃၀အစီအစဉ် မတိုင်မီ ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံအား ဆင်းရဲနွမ်းပါးမှုမှ ကင်းဝေးစေမည်ဟု ရည်မှန်းချက်ကြီးစွာ ပြောကြားခဲ့သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာ စီးပွားရေးကျဆင်းစေသည့် ကပ်ရောဂါဖြစ်သော်လည်း တိုင်းပြည်သည် အံ့အားသင့်စရာ ကောင်းလောက်အောင် အောင်မြင်နေခဲ့သည်။
 
တရုတ်ပညာရှင်များ၏ မကြာသေးမီက ပြုလုပ်ခဲ့သည့်လေ့လာမှုတစ်ခုအရ ကျေးလက်ဒေသများတွင် “ပုဂ္ဂလိကဆင်းရဲနွမ်းပါးမှုပြမျဉ်း” သည် တစ်နေ့လျှင် ၂၃ ယွမ်ခန့်သာရှိရာ လူတစ်ဦးကို ဆင်းရဲသူအဖြစ် တရားဝင်သတ်မှတ်ခံရသည့် ပမာဏထက်နှစ်ဆနီးပါး လျော့နည်းနေသည်ကို တွေ့ရှိရသည်။ တရုတ်ကျေးလက်ဒေသ၏ သုံးပုံတစ်ပုံခန့်သည် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး အစိုးရ၏ နောက်ဆုံးဆင်းရဲနွမ်းပါးမှုကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်ပြီဟူသော ရဲရဲတင်းတင်း ပြောဆိုချက်များသည် မမှန်ကန်သည်ကို ၎င်းဆင်းရဲနွမ်းပါးမှုပြမျဉ်းက ပြသနေသည် ။
 
ဤကိစ္စနှင့်စပ်လျဉ်း၍ တရုတ်အာဏာပိုင်များနှင့် ၎င်း၏သတင်းမီဒီယာများမှတစ်ဆင့် ထုတ်လွှင့်သော သတင်းအချက်အလက်များကို သတိဖြင့်ယုံကြည်ဖို့လိုသည်။ ကမ္ဘာလုံးအတိုင်းအတာဖြင့် ပေးရန် သတင်းအချက်အလက်များကို အတုလုပ်သည့်အတွက် တရုတ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ အချိန်မီ အလိုရှိသည့်အတိုင်း ထုတ်ပြန်ကြေငြာနိုင်ရန်အတွက် အာဏာပိုင်များက ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်သော သက်သေသာဓကများစွာရှိသည်။
 
ဥပမာအားဖြင့် တရုတ်ပြည် အနောကအလယ်ပိုင်းရှိ ပြည်နယ်ပါတီ အတွင်းရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး “တာဝန်ကြေညာချက်”ကို လက်မှတ်ရေးထိုးရန် အမိန့်ရခဲ့သည်။ ထိုအမိန့်အရ အရာရှိများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရည်မှန်းချက်များ ပြည့်စုံစေရန် လုပ်ဆောင်ရမည် ဖြစ်ပြီး မဟုတ်ပါက အပြစ်ပေးခံရမည် ဖြစ်သည်။ အဆိုပါ ရည်မှန်းချက်များ အောင်မြင်ရန် ပျက်ကွက်လျှင် ၎င်းအရာရှိများ၏ အလုပ်အကိုင်များသည်လည်း အန္တရာယ်ရှိခဲ့သည်။

စီမံကိန်းအရ ဖြိုဖျက်ခဲ့သော ကျေးရွာများတွင် ဆင်းရဲမှုသည် ပိုမိုဆိုးရွားကြောင်း လူအများသိကြသော်လည်း ထိုကဲ့သို့သော သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် နေထိုင်သူများသည် ရက်ပေါင်း ရက်သတ္တပတ်ပေါင်းများစွာ အမိုးအကာမရှိဘဲ စွန့်ခွာရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။ ထိနည်းဖြင့် ကျေးရွာများရှိ အရည်အသွေးမမီသော အိမ်ရာယူနစ်များ လျော့နည်းသွားသည်။ ၂၀၁၆ မှ ၂၀၂၀ အတွင်း လူဦးရေ ၁၀ သန်းကျော် ပြောင်းရွှေ့နေရာ ချထားခြင်းခံခဲ့ရပြီး အိမ်ထောင်စုတစ်ခုစီ၏ ဝင်ငွေများ မြင့်တက်လာစေရန် လူအများသည် ဘုံအိမ်ယာကို မျှဝေသုံးစွဲခဲ့ရသည်။

 ဤကြီးမားသော နေရာရွှေ့ပြောင်းမှုကြောင့် ကျောင်းသားများသည် အရည်အသွေးပြည့်ဝသော ပညာရေးကို မရရှိနိုင်သော သို့မဟုတ် အနည်းဆုံးသော ဒေသများသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ဆက်လက်မရရှိခြင်းတို့ကြောင့် လူနေမှုအဆင့်အတန်းသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆက်မပြတ် ယိုယွင်းပျက်စီးသွားခဲ့သည် သို့မဟုတ် ဆက်လက်တည်ရှိနေမည်ကို လူအများအပြားက စိုးရိမ်ကြသည်။ သူတို့ကို ဖယ်ကြဉ်ပြီး ညှဉ်းပန်းနှိပ်စက်ကာ သူတို့သည် ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်နိုင်ခဲ့သည်ဟု ပြောဆိုရန် လေ့ကျင့်ပေးခြင်း ခံခဲ့ကြရသည်။ အမှန်တကယ်တွင်မူ သူတို့၏ ဘဝများသည် မပြောင်းလဲဘဲ သို့မဟုတ် ပို၍ဆိုးဝါးပြီး ရှိနေသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟု ယူဆရသော်လည်း မြို့နှင့် ကျေးရွာလူဦးရေအကြား ကြီးမားသော ဝင်ငွေကွာဟမှုရှိနေဆဲဖြစ်သည်။ ဆန္ဒပြင်းပြသည့် ကျေးလက်ဒေသလူငယ်များသည် မြို့ကြီးများတွင် အလုပ်လုပ်ရန် ကြိုးစားသော်လည်း၊ ၎င်းတို့သည် မြို့ကြီးများ၏ ဒေသဆိုင်ရာကွာဟမှုကို မြင့်မားစေသည့် လုပ်ခလစာများအရ ခွဲခြားဆက်ဆံခံရပြီး အန္တရာယ်ရှိသောပတ်ဝန်းကျင်တွင် နိမ့်ကျသော အလုပ်များ လုပ်ကိုင်ရန် တွန်းအားပေးခံရသည်။

ကြမ်းတမ်းသောရာသီဥတုတွင် ကျောင်းသို့ လမ်းလျှောက်နေသော အေးခဲနေသော ဆံပင်များရှိသည့် အသက်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်၏ ပုံရိပ်ပျံ့နှံ့သွားသောအခါ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု၏ စစ်မှန်သော အခြေအနေကို တွေ့ရှိခဲ့သည်။ သူ၏မိသားစုသည် ရွာရှိ အခြားအိမ်ထောင်စုများနည်းတူ ဆင်းရဲနွမ်းပါးသော အခြေအနေတွင် ရှိနေသည်။ မိသားစုသည် ဆိုးရွားသည့် အခြေအနေများအတွက် ဒေသခံအာဏာပိုင်များနှင့် အစိုးရထံမှ မည်သည့်အကူအညီမှ မရရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် အစိုးရပိုင်မီဒီယာများနှင့် အစိုးရတို့၏ ဖုံးဖိထားမှုကြောင့် ထိုအသံများကို မည်သည့်အခါကမျှ မကြားရပါ။

ထူးဆန်းသည်မှာ မကြာသေးမီက တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်၏ အကဲဖြတ်မှုသည် နှစ်စဉ်ဝင်ငွေအတွက်သာ မဟုတ်ဘဲ အစားအစာ၊ အဝတ်အထည်နှင့် မသင်မနေရပညာရေးစနစ်အား လက်လှမ်းမီနိုင်မှုတို့ပါ ပါဝင်ကြောင်း တရုတ်က ဆိုခဲ့သည်။

သမ္မတ ချမှတ်သည့် ဖြတ်တောက်ထားသည့်နှစ် နောက်ဆုံးလတွင် ရရှိခဲ့သော ရည်မှန်းချက်ကြီးသည့် ကြိုးပမ်းမှုအားဖြင့် တိုင်းပြည်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးစုရှင်းလင်းခြင်းအပါအဝင် လူနည်းစုအသိုင်းအဝိုင်းသည် ပြန်လည်ထူထောင်ရေးစင်တာများ၏ အောက်တွင် ရှင်သန်ရပ်တည်ရေးအတွက် လဲလှယ်ရန် အခမဲ့လုပ်အားအဖြစ် ဆောင်ရွက်သည့် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများနှင့် အစွန်းရောက်သော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် စွပ်စွဲခံရသည်။ ထိုလူများကို အိမ်ထောင်စု စစ်တမ်းများမှ ဖယ်ထုတ်ပြီး အလုပ်အကိုင်နှင့် မသင်မနေရ ပညာရေးအတွက် ပြောင်းရွှေ့ခံရသည့် လူစာရင်းတွင် ထည့်သွင်းထားကာ သူတို့၏ အခြေအနေများ ပိုမိုယိုယွင်းစေသည်။

တိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတိုင်းအတာနှင့် ပတ်သက်၍ အစိုးရ၏ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်သော်လည်း ထောက်ခံသူများလည်း ၎င်း၏ ရေရှည်တည်တံ့ရေးကို စိုးရိမ်နေကြသည်။ လိုချင်သော အရေအတွက်ရရှိရန် အလျင်စလိုအားဖြင့် အစိုးရသည် ဆင်းရဲနွမ်းပါးမှုကို ပိုမိုရှည်ကြာစွာ လျှော့ချရန် လိုအပ်သော စနစ်ကျသော အပြောင်းအလဲများကို လျစ်လျူရှုခဲ့သည်။ အစုလိုက်အပြုံလိုက် နေရာရွှေ့ပြောင်းခြင်း အပါဝင် ဆောင်ရွက်ချက်များမှာ ယာယီသာဖြစ်ပြီး အတုဖြစ်သည်။ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများ၏ လူနေမှုအဆင့်အတန်းကို အမှန်တကယ်တိုးတက်စေရန် တရုတ်အစိုးရသည် နယ်မြေသတ်မှတ်ခြင်း၊ လူဦးရေထူထပ်မှု၊ အဓိကအလုပ်အကိုင်စသည်ဖြင့် ပြည်တစ်ခုစီ၏ ထူးခြားသော စိန်ခေါ်မှုများကို ပြန်လည်ဆန်းစစ်ရန်နှင့် ကမ္ဘာတစ်ဝှမ်းမီဒီယာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျေနပ်စေရန် နံပါတ်များကို မဖန်တီးဘဲ လူအများအား မြှင့်တင်ရန်လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly