ခြင်ဆေးခွေမှာပါတဲ့ အဆိပ်ရှိပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးသွားဖို့ရှိ

ခြင်ဆေးခွေမှာပါတဲ့ အဆိပ်ရှိပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးသွားဖို့ရှိ

ရန်ကုန်မြို့ သီးနှံကာကွယ်ရေးဌာနခွဲအတွင်းမှာဖွင့်လှစ်ထားတဲ့ ပိုးသတ်ဆေး အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကနေ ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းရောင်းချနေတဲ့ ခြင်ဆေးခွေတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို စစ်ဆေးပေးနေတာပါ။  ခြင်ဆေးခွေတွေမှာပါဝင်နေတဲ့ အဆိပ်ရှိ ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်းလိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိကို ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလကနေစတင်ပြီး စီမံချက်ပုံစံနဲ့ စစ်ဆေးသွားမယ်လို့ စိုက်ပျိုးရေး ဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအော်ကျော်ဦးက မဇ္ဈိမကိုပြော ပါတယ်။

ရိုက်ကူး /တည်းဖြတ် /တင်ဆက် - ရူပါအောင်ဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly