ဘင်္ဂလားဒေ့ရှ် ဂျာနယ်လစ် အသတ်ခံရသည့် ပေါက်ကွဲမှု၌ လူ ၅ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချ

ဘင်္ဂလားဒေ့ရှ် ဂျာနယ်လစ် အသတ်ခံရသည့် ပေါက်ကွဲမှု၌ လူ ၅ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချ

ဇန်နဝါရီ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၀၄ ခုနှစ်က ဂျာနယ်လစ် ဟူမာယန်ကာဘားအား သတ်ဖြတ်မှုနှင့် ဆက်စပ်သည့် ပေါက်ကွဲမှု မှုခင်းတစ်ရပ်အတွက် လူ ငါးဦးအား ကော်လ်နာခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။

ကော်လ်နာ အများပြည်သူ လုံခြုံရေး ထိပါးနှောင့်ယှက်မှု ပြစ်မှုဆိုင်ရာ ခုံရုံး တရားသူကြီး ဆိုင်ဖူဇာမန်းက စီရင်ချက်အား ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်တွင် ထောင်ဒဏ်အပြင် ငွေဒဏ် တာကာ ၁၀၀၀၀ စီ အသီးသီး ဒဏ်ရိုက်သည်။

ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရသူများမှာ ဆိုင်ယက်အိဒ်ဘယ်ဟူစိန်၊ နာဇူ၊ မာဆန်း၊ ရီမွန်နှင့် ဇာဟစ်ဟူစိန်တို့ ဖြစ်ကြသည်။

ပြစ်မှုတွင် စွပ်စွဲခံရသူတစ်ဦးဖြစ်သည့် ဂျာဟန်ဂါးဆိုသူမှာမူ လွတ်မြောက်နေဆဲ ဖြစ်သည်။

၂၀၀၄ ခုနှစ် ဇွန် ၂၇ ရက်က ကော်လ်နာအရပ်ရှိ Janmabhumi ပြည်တွင်းနေ့စဉ်သတင်းစာတိုက် ပင်မဂိတ်ဝရှေ့တွင် ဖြစ်ပွားသော တိုက်ခိုက်မှုတစ်ရပ်အတွင်း ဂျာနယ်လစ် ဟူမာယန်ကာဘား သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်အပြီး နောက်ရက်တွင် ကော်လ်နာဆာဒါရဲစခန်းမှ ဒုတိယ စစ်ဆေးရေးအရာရှိ မာရတ်ဖ်အာမတ်က လူသတ်မှုနှင့် ပေါက်ကွဲစေမှုတို့ဖြင့် အမှုတွဲ နှစ်ရပ်တင်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် လူသတ်မှုအတွက် စီရင်ချက်အဖြစ် စွပ်စွဲခံ ခုနစ်ဦးအား တရားသေ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly