နိုင်ငံခြားထောက်ပံ့ငွေ “အကြီးမားဆုံးအရှုပ်တော်ပုံ”၏  အဓိကဇာတ်ကောင်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းဖြစ်ကြောင်း PDM အကြီးအကဲပြော

 နိုင်ငံခြားထောက်ပံ့ငွေ “အကြီးမားဆုံးအရှုပ်တော်ပုံ”၏  အဓိကဇာတ်ကောင်မှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းဖြစ်ကြောင်း PDM အကြီးအကဲပြော

ဇန်နဝါရီ ၂၂

 နိုင်ငံခြားရန်ပုံငွေအမှုသည် “ပါကစ္စတန်နိုင်ငံရေး သမိုင်းကြောင်းတွင် အကြီးမားဆုံးအရှုပ်တော်ပုံ”ဖြစ်ကာ ၎င်း၏ အဓိက ဇာတ်ကောင်သည် ဝန်ကြီးချုပ် အင်မရန်ခန်းဖြစ်ကြောင်း အတိုက်အခံ ပါကစ္စတန်ဒီမိုကရေစီလှုပ်ရှားမှု (PDM) အကြီးအကဲ Maulana Fazlur Rehman က တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း Dawn သတင်းတစ်ပုဒ်အရ သိရသည်။
 
အင်မရန်ခန်းသည် သန်းပေါင်းများစွာသော ရူပီးများကို တရားမဝင် ကောက်ယူစုဆောင်းပြီး ၎င်းကို “နိုင်ငံရေးအရ အနှောက်အယှက်ဖြစ်စေခြင်းနှင့် ပိုက်ဆံကို တရားမဝင်နှင့် အခြားနည်းများဖြင့် နိုင်ငံတွင်းသို့ သယ်ဆောင်လာခြင်းအားဖြင့် ရွေးကောက်ပွဲမသမာမှုများပြုခြင်း” ဟု သူက စွပ်စွဲခဲ့သည်။

ဝန်ကြီးချုပ်သည် ပါကစ္စတန်တွင် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖန်တီးရန် ‘ NROများ ၏မိခင်’ကို ခေါ်ယူပြီး ‘ပရဟိတလုပ်ငန်းများအတွက် စုဆောင်းထားသည့် ရန်ပုံငွေများကို တရားမဝင်နှင့် အခြားလျှို့ဝှက်အကောင့်များမှတဆင့် ကိုယ်ပိုင်စီးပွားရေးနှင့် ပရမ်းပတာဖြစ်စေခြင်း’များတွင် အသုံးချနေချိန်တွင် လက်ရှိအာဏာရ PTI အပေါ် နိုင်ငံခြားရန်ပုံငွေအမှုအမှုကို ခြောက်နှစ်ခန့်ဆိုင်းငံ့ထားခဲ့သည်။

PTI အပေါ် နိုင်ငံခြားရန်ပုံငွေအမှုကို ၂၀၁၄ နိုဝင်ဘာလတွင် ပါတီတည်ထောင်သူ အဖွဲ့ဝင် Akbar S Babar က တင်သွင်းခဲ့သည်။ ဤအမှုသည် PTI ၏ ထုတ်ဖော်ခြင်းမပြုသည့် နိုင်ငံခြားရန်ပုံငွေ စွပ်စွဲချက်များနှင့် ဆက်စပ်နေသည်ဟု သတင်းတွင်ပါရှိသည်။  

“ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင် (ECP) အနေနဲ့ လက်ခံထားသတဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး  ချက်ချင်းဆုံးဖြတ်ပေးဖို့ တောင်းဆိုလိမ့်မယ်”ဟု သူက ပြောကာ ထပ်မံနှောင့်နှေးမှုများကြောင့် မယုံကြည်မှုများနှင့် သံသယများ ဖြစ်ပေါ်စေခဲ့သည်ဟု သူကပြောသည်။

ယခင်ဝန်ကြီးချုပ် Nawaz Sharif ကိုရည်ညွှန်းပြီး Rehman က ‘ရွေးကောက်ခံ’ဝန်ကြီးချုပ်အပေါ် မှုအား ခြောက်နှစ်ခန့် ဆိုင်းင့ထားချိန်တွင် တစ်ဖက်တွင်မူ ရွေးကောက်ခံဝန်ကြီးချုပ်အား ခြောက်လအတွင်း ဆုံးဖြတ်ချက်ချခဲ့သည်။ “ဒါကဘယ်လိုတရားမျှတမှုမျိုးလဲ”ဟု သူကမေးခဲ့သည်။

အင်မရန်ခန်းအား ဆန့်ကျင်သော ၁၁ ပါတီပါဝင်သည့် မဟာမိတ်အဖွဲ့ PDM မှ ယနေ့ (ဇန်နဝါရီ ၁၉ ရက်) ECP သို့သွားရန် စီစဉ်ထားသည့် ချီတက်မှုမတိုင်မီတွင်  PDM အဖွဲ့ဝင်များသည် ဒီမိုကရက်တစ် လူမျိုးများဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကိုလိုက်နာကြသည်ဟု Maulana  က ပြောခဲ့သည်။ “တိုင်းပြည်မှာ ဒီမိုကရေစီလွတ်လပ်ခွင့်ကို ကျွန်တော်တို့လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေရဲ့တောင်းဆိုချက်ပဲ”ဟု သူက ဆိုသည်။
 
“PDMရဲ့ ဦးဆောင်မှုက ရွေးကောက်ပွဲကော်မရှင်ရှေ့မှာ နိုင်ငံခြားရန်ပုံငွေအမှုနဲ့ ပါတ်သက်ပြီး ဆန္ဒပြမှုကို စိတ်အားထက်သန်စွာ ပြုလုပ်လိမ့်မယ်” ဟု အစ္စလာမ်ဘတ်တွင် ပြုလုပ်ခဲ့သော PDM ဦးဆောင် ကော်မတီအစည်းအဝေးတွင် Maulana ကပြောကြားခဲ့သည်။

PDM အကြီးအကဲက ပါကစ္စတန်နိုင်ငံသားများအား "အမျိုးသားလုံခြုံရေး" အတွက် နှင့် "ပါကစ္စတန်ဆန့်ကျင်ရေး လှုံ့ဆော်မှုများမှ ရန်ပုံငွေများရရှိခြင်း"အား ဆန့်ကျင်သော ဆန္ဒပြပွဲတွင် ပါဝင်ရန်တောင်းဆိုခဲ့သည်။

၎င်းသည် PTI နှင့် ပတ်သက်သော နိုင်ငံခြားရန်ပုံငွေအမှုကိစ္စကို ကော်မရှင်ကအ ်္ဂါနေ့တွင် ပြန်လည်စတင်ရန် စီစဉ်ထားသည့်အချိန်တွင် အစ္စလာမ်ဘတ်ရှိ ECP ရုံးများ အပြင်ဘက်တွင် ဆန္ဒပြပွဲတစ်ခုပြုလုပ်လိမ့်မည်ဟု PDM က ပြီးခဲ့သော အပတ်တွင် ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly