ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အတွင်း အောင်လံ-ပြည်လမ်းမကိုဖြတ်သန်းစီးဆင်းနေတဲ့ လော့သောချောင်းမှာ ချောင်းရေညစ်ညမ်းလာပြီး အနံအသက်ဆိုးဝါးစွာထွက်ပေါ်နေတာဟာ ချောင်းဘေးက စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ်စည်းတွေကြောင့်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေပြီး အဲ့ဒီညစ်ညမ်းမှု့အတွက် သက်ဆိုင်ရာဌာနအဖွဲ့တွေစုပေါင်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီးစုံစမ်းနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကရှင်းပြပါတယ်။
ရိုက်ကူး /တည်းဖြတ် /တင်ဆက် - ဟန်ထူးဇော်