ကပ်ရောဂါကာလအတွင်းမှာ တောင်ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်လိုသူဦးရေ တိုးလာနေပါတယ်။ နှာခေါင်းပြင်တာ၊ မျက်ရစ်ဖော်တာလို ခွဲစိတ်ပြီးရင် ယောင်နေတတ်တာကြောင့် ကပ်ရောဂါကြောင့် လူချင်းမတွေ့ရချိန်၊ မျက်နှာကို နေ့တိုင်း နှာခေါင်းစည်းနဲ့ အုပ်ထားရချိန်က လူတွေ သိပ်သတိမထားမိဘဲ ခွဲစိတ်မှုပြီးအောင်လုပ်ဖို့ အခွင့်ကောင်းလို့ယူဆကြတာ ဖြစ်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးတပုဒ်ကို နန်းလောင်ဝ်က တင်ဆက်ထားပါတယ်။