ပူတာအိုက တိမ်ပင်လယ်ရှု့ခင်းသာ

ပူတာအိုက တိမ်ပင်လယ်ရှု့ခင်းသာ

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်
 
ကချင်ပြည်နယ် ပူတာအိုမြို့၏ အနောက်တောင်ဘက် နမ်ထွမ်ခူးရွာသွားလမ်းတွင် တိမ်ပင်လယ်ရှုခင်းသာ ရယ်လို့ရှိသည်။ တိမ်သားထုအကောင်းဆုံးအချိန်တွင် မြေပြင်တစ်ခုလုံးကို ဘာမှမမြင်ရလောက်အောင် ပင်လယ်သဖွယ် ညီညာစွာ တိမ်များဖြင့်ဖုံးအုပ်ထားပေမယ့် တိမ်တွေရဲ့အထက်ရေခဲတောင်ကို ပါမြင်ရပါလိမ့်မည်။

ဒီရှု့ခင်းသာကို ၂၄ နာရီဖွင့်ထားပေမဲ့ မနက် ၉:၀၀‌နောက်ပိုင်း‌တော့ တိမ်စင်သွားတဲ့အတွက် ဧည့်သည်မရှိသလောက်နည်းသည်။ နိုဝင်ဘာလကနေ မေလအတွင်း ကြည့်ဖို့အ‌ကောင်းဆုံးအချိန်က မနက် ၆:၀၀ မှ ၉:၀၀ အထိ ဖြစ်သည်။

တိမ်ပြင်လယ် ရှုခင်းသာကို  ခရီးသွားလုပ်ငန်းရှင် သုံးဦးပူး‌‌ပေါင်းကာ ၂၀၂၀ခုနစ် ဇန်န‌ဝါရီလမှစတင်အကောင်ထည်ဖော်ခဲ့တာဖြစ်သည်။

ပူတာအိုမြို့ရှုခင်း၊ တောတောင်သဘာဝ၊  ဓာတ်ပုံရိုက်ဖို့နေရာလေးတွေရှိနေသော တိမ်ပင်လယ်ရှု့ခင်းသာဆီကို လာရောက်သူကတော့  ကိုဗစ်-၁၉ ကာလဖြစ်ပေမယ့်  လျော့မသွားတဲ့အပြင် အရင်နှစ်ကထက်တောင် တိုးလာသည်ဟု တိမ်ပြင်လယ်ရှုခင်းသာကို မွမ်းမံသူ ဦးခင်လွမ်းဆားရ်ရမ်က ပြောသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစပြီး တိမ်ပြင်လယ် ရှုခင်းသာကို သဘာဝအတိုင်း ထိန်းသိမ်းဖို့အတွက် လည်ပတ်သူများထံမှ တစ်ဦးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ကောက်ခံသွားမှာဖြစ်ကြောင်းသိရသည်။

သို့သော်လည်း ရှုခင်းသာကို သဘာဝအတိုင်း လှပအောင်ထိန်းသိမ်း၊ မွမ်းမံကာ ခရီးသွားဧည့်သည်များနှင့် ဒေသခံများအပန်းဖြေနိုင်ဖို့ သာယာလှပရေး အပင်များ၊ ပန်းနှင့် အလှပင်များ စိုက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly