ဘယ်လ်ဂျီယံရဲများ အစွန်းရောက်သမားစီးနင်းမှုများအတွင်း ၁၆ ဦးကို ဖမ်းမိ

ဘယ်လ်ဂျီယံရဲများ အစွန်းရောက်သမားစီးနင်းမှုများအတွင်း ၁၆ ဦးကို ဖမ်းမိ

ဘယ်လ်ဂျီယံတွင် အစွန်းရောက်သမားများအား ရဲက စီးနင်းရှာဖွေမှုများအတွင်း လူပေါင်း ၁၆ ဦးကို ဖမ်းဆီးရမိသည်။ ပါရီတိုက်ခိုက်မှု သံသယရှိသူ ဆာလက်ရှ်အဘ်ဒီစလမ်ကတော့ လွတ်မြောက်နေ ဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

ဘရပ်ဆဲလ်နှင့် ချာလာရိုင်းတွင် နိုဝင်ဘာ ၂၂ ရက်က စီးနင်းမှုများ ၂၂ ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေအီရစ်ဗန်ဒါက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မိုလန်ဘိအရပ်တွင် စီးနင်းမှုအတွင်း ကားတစ်စီးအား နှစ်ကြိမ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရပြီး သံသယရှိသူတစ်ဦးကို ဒဏ်ရာနှင့် ဖမ်းမိသည်။

ပါရီတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် လူပေါင်း ၁၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ၃၅၀ နီးပါးရှိခဲ့သည်။

နိုဝင်ဘာ ၂၂ ရက် စီးနင်းမှုများတွင် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများကိုမူ လက်ရဖမ်းမိခြင်းမရှိကြောင်း ဗန်ဒါက ပြောသည်။

ဘရပ်ဆဲလ်မြို့သည် လုံခြုံရေးတပ်လှန့်အနေအထား၌ပင် ရှိနေသေးကြောင်း ဝန်ကြီးချုပ်ဖြစ်သူ ချားစ်မိုက်က ပြောသည်။ တက္ကသိုလ်များ၊ ကျောင်းများနှင့် မြို့မြေအောက်ရထားများကိုလည်း ဆက်လက်ပိတ်ထားရမည်ဖြစ်သည်။
BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly