ကား ငါးစီး ဆင့်တိုက်မှု ဦးကျော်သူ ဒဏ်ရာရခြင်း မရှိ

ကား ငါးစီး ဆင့်တိုက်မှု ဦးကျော်သူ ဒဏ်ရာရခြင်း မရှိ
ဓာတ်ပုံ - ဦးကျော်သူ / Facebook

ဇန်နဝါရီ ၁၄၊ ၂၀၂၁

နာရေးကူညီရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မောင်းနှင်လာသည့် နိဗ္ဗာန်ယာဉ် အပါအဝင် ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဦးကျော်သူနှင့် အခြားလူများ ထိခိုက်မှု မရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေလမင်းဆေးရုံရှေ့တွင် တစ်ဘက်လမ်းကို ကူးရန် စောင့်ဆိုင်းနေသည့် လိုက်ထရပ်ကားနှင့် အိမ်စီးကားကို အဝေးပြေး ကားတစ်စီးက နောက်မှ ဝင်ရောက် တိုက်မိရာမှတစ်ဆင့် ဦးကျော်သူ မောင်းနှင်လာသည့် နိဗ္ဗာန်ယာဉ်ကို တိုက်မိပြီး အခြားယာဉ်တစ်စီးကို ဆင့်ကာ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဦးကျော်သူ / Facebook

ယာဉ်မတော်တဆမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း နာရေးကူညီမှုအသင်း၏ နိဗ္ဗာန်ယာဉ်မှာ ရှေ့ပိုင်း ထိခိုက်ပျက်စီးခဲ့ပြီး အိမ်စီးကား၏ ရှေ့နှင့် နောက်၊ လိုက်ထရပ်ယာဉ်၏ ရှေ့နှင့်နောက်၊ နာကူယာဉ်၏ ရှေ့ပိုင်း ဘယ်နှင့် ညာ၊ ဘတ်စ်ကားကြီး၏ နောက်ဘက် ဘယ်ဘက်ခြမ်း ပွန်းပဲ့ပျက်စီးခဲ့ကြောင်း ဦးကျော်သူ၏ Facebook စာမျက်နှာတွင် ရေးထားသည်။

ဓာတ်ပုံ - ဦးကျော်သူ / Facebook

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှာ ဇန်နဝါရီလ ၁၄ ရက်တွင် ပုံမှန်ရုံးလုပ်ငန်းများကို ပြန်လည် ထမ်းဆောင်နေပြီ ဖြစ်ကြောင်းလည်း အသင်းတာဝန်ရှိသူများက မဇ္စျိမကို ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required