သီပေါမြို့နယ်တွင် လင်မယားစုံတွဲကို သေနတ်ဖြင့်လုပ်ကြံပစ်ခတ်မှုကြောင့် ဇနီးသေ၊ ခင်ပွန်းဆေးရုံရောက်

By မွေလျန်း
12 January 2021
 သီပေါမြို့နယ်တွင် လင်မယားစုံတွဲကို သေနတ်ဖြင့်လုပ်ကြံပစ်ခတ်မှုကြောင့် ဇနီးသေ၊ ခင်ပွန်းဆေးရုံရောက်

ဇန်နဝါရီ ၁၂ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် ဇန်နဝါရီလ ၁၁ရက်နေ့ ၊ညနေ ၆နာရီ ဝန်းကျင်ခန့်က လင်မယားနှစ်ဦးကို နောက်ယောင်ခံလိုက်လာသော သေနတ်သမားများက ပစ်ခတ်လုပ်ကြံ၍ အမျိုးသမီးဖြစ်သူမှာ ပွဲချင်းပြီးသေဆုံးသွားပြီး အမျိုးသားကိုတော့ ဆေးရုံတင်ကုသမှုပေးနေရကြောင်း မြို့နယ်ရဲစခန်းကပြောသည်။

သေနတ်ဖြင့်အပစ်ခံရသူနှစ်ဦးမှာ စိုင်းယီ နှင့်နန်းဝင်းတို့ဖြစ်ကြပြီး အပြင်မှနေအိမ်သို့ပြန်လာစဉ် နောက်မှလိုက်လာသည့်သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့ချင်းဖြစ်သည်ဟု သိရသည်။ ပစ်ခတ်မှုဖြစ်ပွားပြီး ဆေးရုံပို့ရန်ပြင်ရာ အမျိုးသမီးမှာ ကားပေါ် ၌ပင် သေနတ်သေဆုံးခဲ့ပြီး ၎င်းသေဆုံးသူအမျိုးသမီး၏ခင်ပွန်းမှာမူ ရရှိသည့် သေနတ်ဒဏ်ရာပြင်းထန်မှုကြောင့် လားရှိုး ဆေးရုံသိုတင်ပို့ ဆေးကုသထားရသည်။ "

" ခြောက်ချက်အပစ်ခံရပြီးသေသွားတယ်။ သူ့အမျိုးသားက သေနတ် နှစ်ချက်မှန်တယ်၊ ဒဏ်ရာပြင်းလို့ လားရှိုးဆေးရုံပို့လိုက်တယ်၊ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်" ဟု နမ့်လန် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သေဆုံးသူ၏ပထမခင်ပွန်းမှာလည်း ၂၀၁၉ခုနစ်အတွင်းက နေအိမ်သို့ သေနတ်ဖြင့်လာရောက် လုပ်ကြံသူတစ်ဦးကြောင့် သေဆုံးခဲ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရပ်သား များသေနတ်ဖြင့်ပစ်ခတ်ခံရမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုပစ်ခတ်မှုမှာ ၂၀၂၁ ခုနစ်အတွင်း သီပေါမြို့နယ်အတွင်းပထမဆုံးဖြစ်ပွားသော ပစ်ခတ်မှုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly