လေကြောင်းပို့ဆောင်ရေး အထွေထွေမန်နေဂျာကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

လေကြောင်းပို့ဆောင်ရေး အထွေထွေမန်နေဂျာကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၁ခုနှစ်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာဆောင်ရွက်ခဲ့သည်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မင်္ဂလာဒုံမြို့မရဲစခန်းတွင် တိုင်ကြားချက်ဖွင့်ကာ တရားစွဲဆိုရန် စီစဉ်လျှက်ရှိသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တနင်္လာနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

" ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်" အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ သတင်းပေးတိုင်ကြားထားသည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန် ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ရာထူးနှင့် လေကြောင်းပျံသန်းမှုလမ်းညွှန် ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ် အတွင်း  ပြည်ပ Agent (operator)များထံမှ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် အခကြေးငွေယူဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

" ဆောင်ရွက်ခအနေဖြင့် permit နံပါတ်တစ်ခုလျှင် USD 100, USD 60, USD 40 စသဖြင့် ပေးရန် ဦးစိုးပိုင် အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် USD 72066 ကို ဦးစိုးပိုင် အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်း၊ ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly