တရားစွဲခံ ဆရာ၊ ဆရာမတွေကို အစိုးရအကူအညီ နောက်ကျနေဟု MTF အတွင်းရေးမှူး ဆို

တရားစွဲခံ ဆရာ၊ ဆရာမတွေကို အစိုးရအကူအညီ နောက်ကျနေဟု MTF အတွင်းရေးမှူး ဆို

မဲရုံစောင့် ဆရာ၊ ဆရာမတွေ တရားစွဲခံမှုအပေါ် အစိုးရအနေနဲ့ ကူညီပေးမှာကို ကြိုဆိုပေမယ့် နောက်ကျနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲပြီးနောက်ပိုင်း မဲရုံစောင့် ဆရာ၊ ဆရာမတွေကို ရွေးကောက်ပွဲမှာ ရွေးကောက်ခံပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ် ဘက်လိုက်တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ တရားစွဲဆိုထားတာပါ။

တည်းဖြတ် /တင်ဆက် - ချမ်းငြိမ်း

 #ရွေးကောက်ပွဲ #နိုင်ငံရေးပါတီ #MTF #ဦးဇော်ဌေး #NLD #USDP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly