အာဖဂန်နစ္စတန်မှ အမေရိကန် တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခြင်းသည် ပါကစ္စတန်အတွက် ဆုလာဘ်ဖြစ်‌နေကြောင်း အာဖဂန်နိုင်ငံရေးသမားပြော

အာဖဂန်နစ္စတန်မှ အမေရိကန် တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခြင်းသည် ပါကစ္စတန်အတွက် ဆုလာဘ်ဖြစ်‌နေကြောင်း အာဖဂန်နိုင်ငံရေးသမားပြော

ဇန်နဝါရီလ ၉ ၊ ၂၀၂၁

အာဖဂန်နစ္စတန်ကို ဆုတ်ခွာရန် သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ လုပ်ဆာင်ချက်သည် အစွန်းရောက်အုပ်စုများအား ပါကစ္စတန်စစ်တပ်က မြေတောင်မြှောက်ပေးနေမှု၏နောက်ထပ်ဆုလာဘ်တစ်ခုလိုဖြစ်နေကြောင်း လုံခြုံရေးဆိုင်ရာ အမျိုးသားညွှန်ကြားမှုဦးစီးဌာနမှ အာဖဂန် ခေါင်းဆောင်ဟောင်းကပြောကြားလိုက်သည်။

Rahmatullah Nabil သည် အာဖဂန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး နိုင်ငံ၏ အဓိက ထောက်လှမ်းရေးအေဂျင်စီဖြစ်သော လုံခြုံရေးဆိုင်ရာ အမျိုးသားညွှန်ကြားမှုဦးစီးဌာန၏ ခေါင်းဆောင်ဟောင်းဖြစ်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည်အစ္စလာမ္မာဘတ် သို့မဟုတ် မည်သည့်တာလီဘန်၏ Quetta Shura မှ တဆင့်မဖြစ်ပေါ်နိုင်ကြောင်း Newsweek အတွက် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။
 
“ လွန်ခဲ့တဲ့အနှစ် ၂၀ လုံးလုံး ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်တစ်အုပ်ချုပ်ရေးကာလတွေအတွင်း ပါကစ္စတန်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ နှစ်ဘက်လုံးအတွက် ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါဟာသဘောတူညီချက်ရဲ့ အားနည်းချက်တွေ ရှိနေပေမဲ့ ဒိုဟာမှာ အမေရိကန် - တာလီဘန် သဘောတူညီချက်အတွက် ရှေ့ဆက်တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ပါကစ္စတန်ရဲ့အကျိုးစီးပွားမှာ ပါဝင်တယ်” ဟုသူကရေးသားသည်။

ဒိုဟာအခြေစိုက် လီဘန်စေ့စပ်ညှိနှိုင်းသူများသည် တာလီဘန်နယ်မြေမှူးနှင့် စစ်ခေါင်းဆောင်များနှင့်အဆက်ပြတ်သွားပြီး တာလီဘန်စေ့စပ်ညှိနှိုင်းသူများသည် အကြမ်းဖက်မှုကို သိသိသာသာ လျှော့ချရန် သို့မဟုတ် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန် မည်သည့်ရေရှည် ကတိကဝတ်ကိုကို မဆိုထမ်းဆောင်နိုင်လိမ့်မည်မှာ အလွန်အမင်း မဖြစ်နိုင်ကြောင်း ၂၀၁၉ခုနှစ် အာဖဂန်သမ္မတလောင်းကပြောကြားခဲ့သည်။ ။

 “အာဖဂန်နစ္စတန်က အဖြစ်ဆိုးနဲ့ မစိမ်းတော့တဲ့အချိန် ထရမ့်အစိုးရရဲ့ အမေရိကန်ပြည်ထောင်စုတပ်တွေ ထွက်ခွါတာက အခြေအနေကို ကူညီရာမရာက်ဘူး။ ဒါဟာအာဖဂန်နစ္စတန်မှာ အလွန်အရေးကြီးပြီးနိမ့်ကျတဲ့အဆင့်အတွင်း မသင့်တော်တဲ့အချိန်မှာ ရောက်နေတယ်” ဟု Nabilက Newsweek အတွက်ရေးသားခဲ့သည်။

“ တိုင်းပြည်ဟာ ပြောင်းလဲမယ့် အနေအထားမှာရောက်နေတယ်။ ကံမကောင်းတာက တပ်တွေလျှော့ချတာက ဘယ်လိုစစ်ရေးအကဲဖြတ်ချက်တွင်မဆို ပါဝင်ခြင်းဆိုတာထက် နိုင်ငံရေးဘက်လိုက်မှုအပေါ် မူတည်နေတယ်။ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ဘယ်လိုတိုးတက်မှုမဆို အားစိုက်ထုတ်မှုတွေလျော့နည်းစေဖို့ တာလီဘန်တွေကို အားပေးအားမြှောက်ပြုပါလိမ့်မယ်။ ဒါ့အပြင် တပ်တွေ လျှော့ချတာက ပါကစ္စတန်ရဲ့ မဟာဗျူဟာရည်မှန်းချက်နဲ့အညီ ဒေသကို မတည်မငြိမ်ဖြစ်စေခြင်းအတွက် အဓိကအခန်းကဏ္ဍကနေပါဝင်တဲ့ အစွန်းရောက်အုပ်စုတွေကို ပါကစ္စတန်စစ်တပ်က မြေ တောင်မြှောက်ပေးနေတာကို ပိုမိုအကျိုးပြုနေတယ်”ဟု အာဖဂန်နိုင်ငံရေးသမားက ဆက်လက်ရေးသားခဲ့သည်။

 ဒေသတွင်း၌ ပါကစ္စတန်၏ နှစ်ဖက်ကစားမှုကြောင့် လာမည့်လအတွင်း ပြောင်းလဲမှုအများအပြား ဖြစ်လာနိုင်ကြောင်း သူကထပ်မံရေးသားခဲ့သည်။

"ပါကစ္စတန်ရဲ့ ခွင့်ပြုချက်နဲ့အတူ တာလီဘန် (နည်းနည်းလူသိရှင်ကြားမဖြစ်နိုင်သော်လည်း) နည်းဗျူဟာခြေလှမ်းအဖြစ် သူတို့က အယ်လ်ကိုင်ဒါနဲ့ ဆက်ဆံရေးဖြတ်တောက်မယ်လို့ ကြေညာလိမ့်မယ်။ ပါကစ္စတန်စစ်တပ် ဒါမှမဟုတ် တာလီဘန်တွေက အမေရိကန်နဲ့ လုပ်ဆောင်နိုင်တဲ့ ထောက်လှမ်းရေးကို ဝေမျှလာနိုင်တယ်”ဟု သူက ပြောသည်။

Nabil ကအယ်လ်ကိုင်ဒါ ရာထူးကြီး အဖွဲ့ဝင် အချို့သည် အာဖဂန်နစ္စတန်တွင် သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခြင်းခံရနိုင်သည်ဟုဆိုသည်။ “ပါကစ္စတန်ရဲ့ ဆောင်ရွက်ချက်တွေက အမေရိကန်အရာရှိတွေကို ပါကစ္စတန်နိုင်ငံဟာ ယခုအခါဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးမိတ်ဖက် ဖြစ်လာတာကြောင့် အမေရိကန် - အာဖဂန်ပေါ်လစီအပေါ် ပိုမိုကျယ်ပြန့်စွာပြောဆိုသင့်ကြောင်း ယုံကြည်လာစေနိုင်တယ်” ရေးသားခဲ့သည်။

 “နှစ်ဖက်ကစားပွဲ”ကို ဝါရှင်တန်ရှိ အစိုးရအသစ်မှ နားလည်လာသည့် အချိန်တွင် အရေးကြီးသောကာလ ကျော်လွန်သွားပြီးဖြစ်ကာ ပါကစ္စတန်အပေါ် အမေရိကန်၏ သြဇာလွှမ်းမိုးမှုလည်း ပျောက်ကွယ်သွားပြီးဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

 ကိစ္စရပ်များသည် ၎င်းတို့အတိုင်း ဆက်လက်လုပ်ဆောင်ပါက အာဖဂန်နစ္စတန်၌ ဖြစ်ပွားနေသော ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနိုင်ပြီး ပါကစ္စတန်နိုင်ငံသည် အာဖဂန်ပြည်တွင်းရေးကိစ္စရပ်များအပေါ် ဗီတိုအာဏာပိုမိုရရှိလာပြီး အာဖဂန်နစ္စတန်ကို ပိုမိုနက်ရှိုင်းသည့် ပဋိပက္ခသံသရာထဲသို့ ဆွဲခေါ်သွားလိမ့်မည်ဟု သူကထောက်ပြခဲ့သည်။

“ဒီပဋိပက္ခ္ခဟာ တာလီဘန်၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ၊ ISIS-K နှင့် အကြမ်းဖက်အဖွဲ့များစွာ ပါဝင်တဲ့ ဆီးရီးယားလို ကိုယ်စားလှယ်စစ်ပွဲ ဖြစ်ပေါ်လိမ့်မည်" ဟုသူကပြောကြားခဲ့သည်။

သူက အာဖဂန်နစ္စတန်ရှိ အမေရိကန် 'အမွေအနှစ်' ဆိုဗီယက်ယူနီယံ၏ ထင်ဟပ်မှုမဖြစ်သင့်ကြောင်း ကောက်ချက်ချခဲ့သည်။ အာဖဂန်နစ္စတန်၏ အနာဂတ်ကို ပါကစ္စတန်သို့ တက်ကြွစွာ ကန်ထရိုက်စာချုပ်ချုပ်ဆိုခြင်းအားဖြင့် တာလီဘန်များအား အင်အားပေးခြင်းဖြစ်ကာ ၎င်းတို့၏အစ္စလာမ်စော်ဘွားနိုင်ငံများ ပြန်လည် ရှင်သန်လာစေရန် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် နောက်ထပ်ဘေးအန္တရာယ်အတွက် နည်းလမ်းတစ်ခုဖြစ်သည်။

အာဖဂန်နစ္စတန်၏ ကိစ္စရပ်များတွင် ပါကစ္စတန်၏ မဆုတ်မနစ် ဝင်ရာက်ပါဝင်နေခြင်းကို စနစ်တကျမဖြေရှင်းမပြီးမချင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် အာဖဂန်နစ္စတန်သို့ ရောက်လိမ့်မည်မဟုတ်ဟု ဩစတြေးလျပါမောက္ခဝီလျံမာလီက အစောပိုင်းတွင် ပြောကြားခဲ့သည်။

 “အာဖဂန်တာလီဘန်တွေက ပါကစ္စတန်နဲ့ အထူးသဖြင့် ပါကစ္စတန်စစ်တပ်ကရတဲ့ အရေးပါတဲ့ပံ့ပိုးမှုက တစ်ကယ်ဖြေရှင်းရမယ့် ပြဿနာကြီးဖြစ်တယ်”ဟု မာလီက ပြောခဲ့သည်။

အကြီးတန်း ပါကစ္စတန် ခေါင်းဆောင်များသည် ပါကစ္စတန်ရှိ နောက်လိုက်မျာနှင့် တာလီဘန်ခေါင်းဆောင်များနှင့် တွေ့ဆုံသော ဗီဒီယိုများစွာထွက်ပေါ်လာပြီး ၎င်းထွက်ပေါ်လာခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် တာလီဘန်များအား မဟာဗျူဟာကျကျနက်ရှိုင်းသောအကြောင်းအရင်းဖြင့် အာဖဂန်နစ္စတန်တွင် ၎င်း၏လွှမ်းမိုးမှုအတွက် ‘ကိရိယာ’တစ်ခုအဖြစ် အသုံးပြုနေသည်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကြမ်းဖက်အဖွဲ့၏ချဉ်းကပ်ပုံသည် တိုင်းပြည်အတွင်း အကြမ်းဖက်မှုများကို မျက်နှာသာပေးသကဲ့သို့ မပြောင်းလဲဘဲရှိနေကြောင်း ပါကစ္စတန်အထက်လွှတ်တော်အမတ်ဟောင်း Afrasiab Khattak ကပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly