လွတ်လပ်လွန်းလို့ လိင်တူချစ်သူမြို့တော်လို့တောင် အခေါ်ခံရတဲ့ တရုတ် ချန်ဒူးမြို့ ဖိနှိပ်မှုများ ကြုံလာရ 

လွတ်လပ်လွန်းလို့ လိင်တူချစ်သူမြို့တော်လို့တောင် အခေါ်ခံရတဲ့ တရုတ် ချန်ဒူးမြို့ ဖိနှိပ်မှုများ ကြုံလာရ 
Photo - AFP

 ဇန်နဝါရီလ ၁ ၊ ၂၀၂၁

တရုတ်နိုင်ငံ ချန်ဒူးမြို့က HUNK ကလပ်က စနေနေ့ညမှာ အမျိုးသားတွေဟာ ရွှေရောင်အသားကပ် လိုက်ကလရာဘောင်းဘီတိုကျပ်ကျပ်နဲ့ အနက်ရောင် ဘွတ်ဖိနပ်ကို စီးထားကြပြီး စင်မြင့်ပေါ်မှာ ကနေကြပါတယ်။  

တရုတ်နိုင်ငံက လိင်တူချစ်သူမြို့တော်လို့ တင်စားခေါ်ခံရတဲ့ ချန်ဒူးမြို့မှာ တစ်စထက်တစ်စ တင်းကြပ်ဆိုးဝါးလာတဲ့ ချမှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်အောင် အဲဒီအမျိုးသားတွေဟာ ဂျပန်ကီမိုနိုကို တုပထားတဲ့ ဥရောပသုံး အပေါ်ဝတ်အင်္ကျီကိုလည်း ဝတ်ဆင်ထားကြပါတယ်။ 

ဒါပေမယ့် မြို့အခြားအရပ်မှာတော့ မိန်းမပျိုတွေဟာ မိန်းမချင်း ချစ်သူများ ကလပ်တစ်ခုက သားရေဆိုဖာတွေပေါ်မှာ ဘီယာမြုံရင်း ပျင်းရိစွာ ရှိနေကြပါတယ်။ အနီးက ဘားတစ်ခုမှာလည်း လိင်တူ လိင်ကွဲ ဒွိလိင်ချစ်သူ LGBTQ တွေရဲ့ ညပိုင်း အပန်းဖြေမှုကို ဧည့်ဝတ်ပြုပေးလျက် ရှိနေပါတယ်။ 

ပေကျင်းရဲ့ အုပ်ချုပ်မှု လက်တံအောက်ကနေ အလှမ်းဝေးပြီး လူမျိုးပေါင်စုံနေထိုင်ရာ အနောက်တောင်ပိုင်း ချန်ဒူးမြို့ကို တရုတ်အခေါ်နဲ့ Gaydu မြို့ လိင်တူချစ်သူမြို့လို့တောင် အခေါ်ခံရပြီး နိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကနေ လွတ်မြောက်နေတဲ့ မြို့ဖြစ်တာကြောင့် နှစ်သက်မြတ်နိုးခံရတဲ့ နာမည်ကြီး မြို့ပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် မြို့ရဲ့ လွတ်လပ်မှုတွေဟာ ခုဆိုရင် ခြိမ်းခြောက်မှုအောက် ရောက်လာခဲ့ရပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဗဟိုကွန်မြူနစ် ခေါင်းဆောင်ပိုင်းတွေဟာ နိုင်ငံအနှံ့မှာ လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို အနည်းငယ် အကျပ်ကိုင်လာနေပြီဖြစ်တာကြောင့်ပါ။ 

ဒါပေမယ့် ချန်ဒူးမြို့က LGBTQ အသိုင်းအဝိုင်းဟာ သူတို့ရဲ့ တိတ်တိတ်ပုန်း ချစ်ရေးချစ်ရာတွေအပေါ် ကွန်မြူနစ်ပါတီရဲ့ အကျပ်ကိုင်မှုတွေ ကျရောက်လာတော့မှာအတွက် အဆင်သင့် ဖြစ်မနေကြပါဘူး။ 

“အာဏာပိုင်တွေ လက်ခံတဲ့ တိတ်တခိုးလိင်မှုကိစ္စတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အရမ်းကို ပရိယာယ်မာယာ သုံးတာမျိုးပဲ ဖြစ်တယ်။”ဟု NGO Chengdu Rainbow မှ တက်ကြွလှုပ်ရှားသူ မက်ထရူးက ပြောပါတယ်။  

LGBTQ တွေရဲ့ အရေးဟာ အရမ်းကို တင်းကြပ်တဲ့ တရုတ်အာဏာပိုင်တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီးတွေနဲ့ လူမှုရေး ထုတ်ပြန်ချက်တွေအပေါ်မှာ အင်အားသုံးတာမျိုးလောက်အထိတော့ မဆိုးသေးဘူးလို့ မက်ထရူးက ပြောပါတယ်။ 

ပွင့်လင်းလွန်းတဲ့ ဓာတ်ပုံတွေ လူမှုမီဒီယာပေါ် ရောက်ခဲ့ပြီး ပြည်တွင်းမီဒီယာတွေကလည်း လိင်ပါတီပွဲတွေကြောင့် HIV ကူးစက်မှုတွေ ဖြစ်ရတယ်လို့ ရေးသားဖော်ပြလာပြီးနောက်ပိုင်းမှာ ချန်ဒူးမြို့က MC ကလပ် ပိတ်ခဲ့ရတဲ့ အောက်တိုဘာလကစလို့ လွတ်လပ်စွာ ရှိခဲ့တဲ့ မြို့ရဲ့ စိတ်ဝိညာဉ်ဟာ စတင်ညိုးနွမ်းစ ပြုလာပါတော့တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required