Meidensha  ဓာတ်အားလိုင်းအစိတ်အပိုင်းများ ထုတ်လုပ်ရေးကို အမေရိကသို့ ပြောင်းရွှေ့မည်

Meidensha  ဓာတ်အားလိုင်းအစိတ်အပိုင်းများ ထုတ်လုပ်ရေးကို အမေရိကသို့ ပြောင်းရွှေ့မည်

ဒီဇင်ဘာ ၃၁ ၊ ၂၀၂၀

ကုန်သွယ်ရေးစစ်ပွဲကာလအတွင်း အမေရိကန်က တရုတ်လုပ် ကုန်ပစ္စည်းများအပေါ် အခွန်ကြီးကြီးမားမား ကောက်ခံမှုကြောင့် အခွန်ရှောင်ရှားလိုသောကြောင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီ Meidensha သည် ဓာတ်အားလိုင်းစနစ် ပစ္စည်းကိရိယာများထုတ်လုပ်မှုကို တရုတ်နိုင်ငံမှသည် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းတော့မှာဖြစ်သည်။  

Meidensha သည် တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ဂျပန်လုပ် ပစ္စည်းများနှင့်  vacuum circuit breaker များကို စတင်ထုတ်လုပ်နေပြီ ဖြစ်ကာ ဖေဖော်ဝါရီလတွင် ကုန်တင်ပို့ရန်စီစဉ်ထားသည်။ ကုမ္ပဏီသည် ယခင်က တရုတ်နိုင်ငံ ရှန်ဟိုင်းတွင်ပြုလုပ်သည့်  တစ်စိတ်တစ်ပိုင်းသာပြီးစီးသည့် circuit breaker များကို ဓာတ်အားလိုင်း ပစ္စည်းဖြန့်ချိသူများထံသို့ အစိတ်အပိုင်းများအဖြစ် ထည့်သွင်းပေးသော အမေရိကန်ဖောက်သည်များသို့တင်ပို့ခဲ့သည်။

 တရုတ်အပေါ် ဝါရှင်တန်၏တင်းမာသောရပ်တည်ချက်ကို ရွေးကောက်တင်မြှောက်ခံရသူ သမ္မတဘိုင်ဒန်က အမွေဆက်ခံရန် မျှော်လင့်ထားသည့်အတိုင်း ကုမ္ပဏီ၏ ထုတ်လုပ်မှုနေရာ ပြောင်းလဲမှုလာခြင်းဖြစ်သည်။ Meidensha သည် အမေရိကန်-တရုတ် နှစ်နိုင်ငံအကြား ဆက်လက်ဖြစ်ပွားနေသော ကုန်သွယ်ရေးတင်းမာမှုများကို ရင်ဆိုင်နိုင်ရန် ၎င်း၏ထုတ်လုပ်မှုကွန်ယက်ကို ချိန်ညှိတာဖြစ်သည်။

 အမေရိကန်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားတိုးမြှင့်ခြင်းများကို ၂၀၁၈ ခုနှစ်ဇွန်လတွင်ကြေညာခဲ့ကာ ထိုနှစ်ဇူလိုင်လတွင်  circuit breakers အပေါ် ၂ရာခိုင်နှုန်းမှ မှ ၂၇ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။  
 
"အခွန်နှုန်းထားတွေကို ကိုင်တွယ်ဖြေရှင်းခြင်းအပြင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ အချိန်ကြာမြင့်စွာ သက်ရောက်နေမှုကို စဉ်းစားရမယ်။ အခြေစိုက်နေရာတွင်ကို မတူကွဲပြားအောင် လုပ်ခြင်းအားဖြင့် ထောက်ပံ့ရေးကွင်းစက် အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားရမယ်”ဟု  ဟု ကုမ္ပဏီအကြီးအကဲ တာကေရှီ မိုင်းဒါ ကပြောကြားသည်။

 သုတေသနကုမ္ပဏီ Global Market Insights က ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ပစ္စည်းဈေးကွက်သည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းခဲ့သည်။ Hitachi၏ ကုမ္ပဏီခွဲတစ်ခုသည် အကြီးမားဆုံးထောက်ပံ့သူဖြစ်ပြီး ကမ္ဘာ့ဈေးကွက်၏ ၉ ရာခိုင်နှုန်းအား ထိန်းချုပ်ထားသည်။

Meidensha ၏ စုစုပေါင်းရောင်းအားသည် ၂၀၂၀၊ မတ်လကုန် ဘဏ္ဍာရေးနှစ်တွင် နှင့် vacuum circuit breaker အပါအဝင် အခြေခံအဆောက်အဦလုပ်ငန်းမှ ယန်း ၁၄၆ ဘီလီယံနှင့် စုစုပေါင်းယန်း ၂၅၅.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၄၇ ဘီလီယံ) ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required