ဇန်နဝါရီလဆန်းပိုင်းမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတဲ့ သတင်းအမှား

30 December 2020
ဇန်နဝါရီလဆန်းပိုင်းမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ကပ်ရောဂါကူးစက်မှုနှုန်းကျဆင်းလာတာနဲ့အမျှ ကပ်ရောဂါကာလအတွင်း ပိတ်ပင်ထားခဲ့ရတဲ့ အခြေခံပညာစာသင်ကျောင်းတွေနဲ့ ပတ်သက်လို့ သတင်းအမှားတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။ 

အဲ့ဒါကတော့ လာမည့် ၂၀၂၁ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ ကျောင်းတွေကို နှစ်ပတ်တက် နှစ်ပတ်နားပုံစံနဲ့ ပြန်ဖွင့်တော့မယ်ဆိုတဲ့ သတင်းအမှားပါ။ 

ဒီသတင်းအမှားကိုတော့ ဒီဇင်ဘာလအတွင်မှာပဲ ပညာရေးနဲ့ဆိုင်တဲ့ ဖေ့ဘုတ်ပေချ်တွေ၊ ဂရုတွေကနေတဆင့် ဖြန့်ဝေခဲ့ကြပြီး ရေးသားထားတာတွေကတော့ ဇန်နဝါရီလ ၅ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်မယ် သေချာသလောက်ဖြစ်နေပါပြီဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။  

Misinformation Busters Episode 34 Seg 3

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly