ဦးတင်မောင်သန်း “ဖက်ဒရယ်နဲ့ပတ်သက်ပြီး NLD ပြောတာ မကြားရဘူး”

30 December 2020
ဦးတင်မောင်သန်း “ဖက်ဒရယ်နဲ့ပတ်သက်ပြီး NLD ပြောတာ မကြားရဘူး”

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည် အပါအဝင် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်မည်၊ တစ်လက်မ မကျန် ငြိမ်းချမ်းစေရမည်ဆိုသော ကြွေးကြော်သံများဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အပြတ်အသတ်နိုင်၍ အစိုးရသစ်ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ရာမှာလည်း အပြတ်အသတ်အနိုင် ရခဲ့ကာ ၂၀၂၁ -၂၀၂၅ ခုနှစ်အတွင်း အစိုးရသစ်ကို NLD ကပဲ ဦးဆောင် ဖွဲ့စည်းခွင့် ရရှိမည်ဖြစ်သည်။

သို့သော် NLD သည် ရွေးကောက်ပွဲ ကြွေးကြော်ထားမှုနှင့် မဲဆွယ် ကတိများ ယနေ့ထိတိုင် အကောင်အထည် မဖော်နိုင်သေးဘူးဟု ပြောနေကြသလို မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် ကိုလည်း မရပ်တန့်နိုင်သေးပေ။

ဗမာမဟုတ်သော တိုင်းရင်းသားများ တည်ဆောက်လိုသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လည်း NLD ပါတီနှင့် NLD ဦးဆောင်သော အစိုးရအဖွဲ့က တည်ဆောက်ပေးနိုင်မည် မဟုတ်ဟုလည်း ထင်မြင် မှုများ ရှိလာခဲ့နေကြသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး အမေရိကန်မှာ နေထိုင်နေသည့် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘဝ)ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက် သွယ် မေးမြန်းထားပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags