တက်ကြွလှုပ်ရှားသူ ကာရီမာ ဘလို့ချ်ကို သတ်ဖြတ်မှုအတွက် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြ

တက်ကြွလှုပ်ရှားသူ ကာရီမာ ဘလို့ချ်ကို သတ်ဖြတ်မှုအတွက် ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြ

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၀

ကနေဒါတွင်နေထိုင်သူ ပြည်ပရောက် ပါကစ္စတန် လူ့အခွင့်အရေးလှုပ်တက်ကြွလှုပ်ရှားသူ ကာရီမာ ဘလို့ကို လုပ်ကြံသတ်ဖြတ်မှုအပေါ် ဘင်္ဂလားဒေ့ရှ် မူတီဂျူဒါ မန်ချာ အဖွဲ့သည် တနင်္ဂနွေနေ့တွင် ဒါကာတက္ကသိုလ် ဆရာ- ကျောင်းသား စင်တာ (TSC) အနီး ရာဂျူး ရုပ်တုအောက်ခြေတွင် ဆန္ဒပြပွဲလုပ်ဆောင်ခဲ့သည်။
 
မူတီဂျူဒါ မန်ချာအဖွဲ့၏ တရားဝင် ထုတ်ပြန်ကြေညာချက်အရ ဆန္ဒပြပွဲတွင် ဗဟိုကော်မတီဥက္ကဋ္ဌအမီနူ အစ္စလာမန် ဘူလ်ဘူလ် ၊ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ် အယူခံဌာန၏ တရားသူကြီးဟောင်း ရှမ်ဆူဒင် ချောင်ဒရီ မနစ်ခ် ၊ ပန်းပုဆရာ ရာရှာ ၊ ကဗျာဆရာ ဆာဒါဖာရွတ်၊ ဒါကာတက္ကသိုလ်ဌာနခွဲဥက္ကဌ ဆွန်နတ် မာမုဒ် ၊ ဒါကာမြို့တော်မြောက်ပိုင်း ဌာနခွဲဥက္ကဋ္ဌ မီလွန် ဒါလီ ၊ အထွေထွေ အတွင်းရေးမှူး ဒင်း အစ္စလမ်ဘက်ပီ နှင့် အခြားခေါင်းဆောင်များ ပါဝင်ခဲ့ကြောင်း သိရသည်။
 
“ကနေဒါနေ ပြည်ပရောက် အမျိုးသမီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကာရီမာ ဘလို့ကို သတ်ဖြတ်တာက ပါကစ္စတန်အစိုးရဟာ အကြမ်းဖက်ဝါမှုနဲ့ စစ်သွေးကြွကို ထောက်ပံ့နေတယ်ဆိုတာ ပြသနေတယ်။ ဘာလိုချီစတန်က မွတ်စလင်လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရမယ်။ ဘလို့ သတ်ဖြတ်မှုတွေမှု ပါဝင်တဲ့ သူတွေအတွက် စံပြပြစ်ဒဏ်ကို တောင်းဆိုပါတယ်”ဟု ရှမ်ဆုဒ်ဒင် ချောင်ဒရီ မနစ်ခ် က ပြောခဲ့သည်။
 
“ISI (ပါကစ္စတန်ထောက်လှမ်းရေး) က သေချာစီစဉ်ထားတဲ့ လုပ်ကြံသတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့တယ်။  မန်ချာက သတ်ဖြတ်တာအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ဆန့်ကျင်ပါတယ်။ ကျွန်တော်တို့က ဘလို့ချီစတန်မွတ်စလင်တွေရဲ့ လွတ်လပ်ရေးတိုက်ပွဲနဲ့လည်း သွေးစည်းညီညွတ်မှု ရှိကြောင်းကို ပြသပါတယ်။ ဘလို့ချီစတန် ပြည်သူတွေရဲ့ လွတ်လပ်ရေး လှုပ်ရှားမှုက အင်မတန် ကျိုးကြောင်းဆီလျော်ပါတယ်။ ပါကစ္စတန်က မကြာသေးမီက ကနေဒါမှာ ကာရီမာ ဘလို့ ကို လုပ်ကြံသတ်ဖြတ်မှုမှာ အကြမ်းဖက်မှုနဲ့ စစ်သွေးကြမှုကို ထောက်ပံ့နေတာ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကာရီမာ ဘလို့ကို သတ်ဖြတ်တာနဲ့ ဘလို့ချီစတန်မှာ မွတ်စလင်အများကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာတွေမှာ ထောက်ပံ့မှုရှိတာတွေကို ပြသခဲ့တယ်။”ဟု မူတီဂျူဒါ မန်ချာ က‌ ပြောသည်။
 
“ဘင်္ဂါလီတွေကတော့ ပါကစ္စတန်စစ်တပ်က ဘယ်လောက် ရက်စက်တာ၊ လူမဆန်တာ၊ ကြမ်းကြုတ်တာတွေကို ကောင်းကောင်း သိမှာပါ။ ကျွန်တော်တို့က အဲ့ဒါကို ၁၉၄၇ ဩဂုတ်လကနေ သူတို့နောက်ဆုံးအုပ်ချုပ်ခဲ့တဲ့ ၁၉၇၁ အကြား တွေ့မြင်ခဲ့ပြီးပြီ။ ကြီးမြတ်တဲ့ ဘင်္ဂါလီနိုင်ငံရဲ့ ဖခင်ကြီး . ဘန်ဂါဘန်ဒူ ရှိတ်ခ် မူဂျီဘာ ရာမန် ကလည်း အရင်တုန်းက ပါကစ္စတန်အစိုးရ သတ်ဖြတ်တာကို ခံခဲ့ရတယ်။ လူဦးရေ သုံးသန်းနီးပါးက ပါကစ္စတန် စစ်တပ်တဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး မိခင်နဲ့ ညီအစ်မ နှစ် သိန်းလောက်က သိက္ခာကျဆင်းခဲ့ရတယ်”ဟု သူက ထပ်ပြောသည်။
 
ကာရီမာ ဘလို့ အတွက် တရားမျှတမှုကို တောင်းဆိုနေကာ မူတီဂျူဒါ မန်ချာ အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအား ကနေဒါတွင် တက်ကြွလှုပ်ရှားသူ သတ်ဖြတ်မှုနှင့် ဘလို့ချီစတန်တွင် မွတ်စလင် လူမျိုးတုံးသတ်ဖြတ်မှု ရပ်တန့်ခြင်းတို့အပေါ် နိုင်ငံတကာ လူထုအမြင်ကို တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။ “မဟုတ်ရင် ဘင်္ဂလားဒေ့ရှ် မူတီဂျူဒါ မန်ချာအဖွဲ့က ပိုပြီး တင်းကြပ်တဲ့ အစီအစဉ်ကို မကြာခင် ကြေညာရလိမ့်မယ်”ဟု ဆိုသည်။
 
" ၁၉၇၁ ခုနှစ် ကိုးလတာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ပါကစ္စတန် စစ်တပ်နဲ့ သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် မဟာမိတ် ရာဇာကာ အယ်လ်ဘာဒါ အယ်ရှမ် ရဲ့ ဆိုးဝါးလှတဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ လုယက်ခြင်းတွေက သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်ဖြစ်တယ်။ ပါကစ္စတန် အစိုးရနဲ့ စစ်တပ် လက်တွေက သွေးစွန်းနေပြီးတော့ စိတ်နဲ့ အပြုအမူတွေက ရက်စက်တယ်။ သူတို့က ဘင်္ဂါလီတွေကို သူတို့ရဲ့ တစ်ခုတည်းသော ရန်သူလို့ သတ်မှတ်တာကို သိခဲ့တယ်။ ဘလို့ချီစတန်က ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးတိုက်ပွဲကို ထောက်ခံတာကြောင့် သူတို့အပေါ် ပါကစ္စတန်စစ်တပ်ရဲ့နှိပ်စက်မှုက် ပိုပြီးဆိုးဝါးခဲ့တယ်”ဟု ပန်းပုဆရာ ရာရှာ က ပြောသည်။
 
“ဘလို့ချီစတန်က လူတွေကို ပါကစ္စတန်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောက်လှမ်းရေး အေဂျင်စီ ISI က စည်းရုံးလှုံ့ဆော်တာ၊ လေ့ကျင့်ပေးတာနဲ့ လက်နက်တပ်ဆင်ပေးထားပြီးတော့ အဲ့ဒီမှာရှိတဲ့ တိုးတက်လာတဲ့ တပ်ဖွဲ့များအားလုံးကို ဆန့်ကျင်ပြီး စစ်အင်အား စည်းရုံးမှုတွေ လုပ်နေတယ်။ ဖာဇာနာ မက်ဂျီ နဲ့ မာမာ ကေဒါ တို့က ကွေတာ ကနေ အစ္စလာမ်ဘတ်မှာရှိတဲ့ ကုလသမ္မဂရုံးထိ ချီတက်မှုတစ်ခုကို ဦးဆောင်ပြီး ပျောက်ဆုံးနေတဲ့ ဘလို့ ကို ကယ်ဖို့ ပါကစ္စတန်အစိုးရကို တွန်းအားပေးဖို့ ကုလသမ္မဂကို တောင်းဆိုနေတယ်။ ဖာဇာနာ ရဲ့ အစ်ကို ကိုယ်တိုင်ကလည်း ပျောက်ဆုံးနေတာ နှစ်တော်တော်ကြာပြီးတော့ ဘလို့ အနည်းဆုံး ၂၀,၀၀၀ ကလည်း ဒီလို အလားတူ နှိပ်စက်မှုမျိုးနဲ့ ကြုံဖူးတယ်။ အဲဒီထဲမှာမှ နောက်ပိုင်းမှာ ဘလို့ ၆,၀၀၀ လောက်က ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး အလောင်းတွေကို ရဟတ်ယာဉ်တွေနဲ့ မြှုပ်နှံခဲ့တယ်။ အစုလိုက် အပြုံလိုက် သင်္ချိုင်းတူးဖော်ခဲ့ကြတယ်။ ပါကစ္စတန် တရားရုံးချုပ်က ဒီအရေးနဲ့ ပတ်သတ်ပြီး “အတင်းအဓမ္မ ပျောက်ဆုံးခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်း”လို့ ပြောဆိုခဲ့ပြီးတာတောင် အစိုးရက သူတို့ကို ကယ်တင်ဖို့ ဘာမှ မလုပ်ဆောင်ခဲ့ဘူး။ ဘလို့  နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ ဘလို့ ပြည်သူတွေနဲ့ အထွေထွေလူထု ထောင်ပေါင်းများစွာကို ပါကစ္စတန်သိမ်းပိုက်ထားတဲ့ ဘလို့ချီစတန်မှာ နေထိုင်တဲ့ လုံခြုံရေးအမှုထမ်းတွေနဲ့ ဂျီဟတ်လှုပ်ရှားသူတွေက ပစ်မှတ်ထားနေတယ်။ ဘလို့ချီစတန်မှာ ဒီလို ပြန်ပေးဆွဲမှုမျိုးက အာဏာရအဖွဲ့က ဘာလိုချီစတန်ကို ရက်ရက်စက်စက် သိမ်းပိုက်ခဲ့တဲ့ ၁၉၄၇ ကတည်းက ဖြစ်နေတာ”ဟု ပန်းပုဆရာ ရာရှာ က ပြောသည်။
 
“ဘာသာရေးအစွန်းရောက် ပါကစ္စတန် စစ်တပ်နဲ့အကြမ်းဖက်သမားတွေက ဘလို့ လူတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုကို ဖိနှိပ်ဖို့ ရက်စက်တဲ့ နှိပ်စက်မှုတွေကို ပူးတွဲ လုပ်ဆောင်နေတယ်။
ဘလို့ လူတွေကို သတ်ဖြတ်ဖို့ သို့မဟုတ် အဓမ္မပြုကျင့်ဖို့ အတားအဆီးမရှိတော့တဲ့အခါ ကျောင်းသူ/သားတွေက ပြန်ပေးဆွဲခံရတယ်။ ၂၀၁၂ အောက်တိုဘာ ၁၄ရက်မှာ အသက် ၁၃နှစ်အရွယ် မဂျစ် ဇီဟာရီ ရဲ့ ဆွေးမြေ့နေတဲ့ ရုပ်အလောင်းနဲ့ နဒီ ဘလို့  နှိပ်စက်ခံ ရုပ်အလောင်း၊ ၂၀၁၂ ဧပြီ ၂ ရက်နေ့မှာ ဝါဟစ် ဘလို့ ဘလို့ ရဲ့ နှိပ်စက်ခံရပြီး ဆွေးမြေ့နေတဲ့ ရုပ်အလောင်း၊ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အသက် ၁၅ နှစ်အရွယ် မီယာခန်း ရဲ့ ရုပ်အလောင်းနဲ့ ၂၀၁၁ အောက်တိုဘာ ၇ရက်မှာ အသက် ၁၈နှစ်အရွယ် အရာဖတ် ဘလို့ ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တယ်။ ဒီနှိပ်စက်ခံရခြင်းနဲ့ ကယ်တင်ခံရတဲ့ စာရင်းက ရှည်လျားလွန်းပြီး ဘာလိုချီစတန် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ပါကစ္စတန်ရဲ့ အစီအစဉ်တွေကို တစ်နေ့ပြီးတစ်နေ့ ပေါ်ထွက်လာပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ စွပ်စွဲမှုတွေက နိုင်ငံရဲ့ မီဒီယာတွေမှာပါ ပေါ်ပေါက်လာပြီ”ဟု ကဗျာဆရာ ဆဒါ ဖာရွတ် က ဆိုသည်။
 
အစီရင်ခံစာများအရ ပြီးခဲ့သော ခြောက်နှစ်အတွင်း ဘလို့စတန်ချီမှ သေနတ်ကျည်ဒဏ်ရာနှင့် အလောင်း ၁,၀၀၀ ခန့်အား တွေ့ရှိခဲ့ကြောင်း သူက ထပ်မံပြောကြားခဲ့သည်။ အများစုမှာ အပိုင်းပိုင်း အစစဖြစ်နေကြသည်။ ၎င်းတို့ထဲမှ ၅၁ ရာခိုင်နှုန်းသည် ဘလို့ ဖြစ်ပြီး ၂၂ ရာခိုင်နှုန်းမှာ ပါ့ရှ်တွန်များဖြစ်သည်။ ပန်ချာပီ အာဖဂန် ဒုက္ခသည်များ၏ အလောင်းများအားလည်း တွေ့ရှိခဲ့သည်။ ရုပ်အလောင်းများစွာအား အတည်ပြု၍ မရခဲ့ပေ။ အစ္စလာမ်ဘတ်သည် ပြီးခဲ့သောနှစ်တွင် အကြမ်းဖက်လုပ်ဆောင်မှုကို တားဆီးရန် အမျိုးသားအစီအစဉ်ကို လုပ်ဆောင်ခဲ့သည်။ စစ်တမ်းသည် ၎င်းတွင် ပါဝင်သော အရာရှိတစ်ဦးမှ လုပ်ဆောင်ထားခြင်းဖြစ်သည်။ ဘာလိုချီစတန်၏ နေရာအနှံ့အပြားမှ အလောင်း ၉၄၀ ကျော်ခန့် တွေ့ရှိခဲ့သည်။ ၂၀၁၀ ခုနှစ်မှ စ၍ ခရိုင်များစွာမှ အလောင်းပေါင်း ၃၄၇လောင်း ပြန်လည်ရှာတွေ့ခဲ့ပြီး ၁၁၂ ဦးမှာ ပျောက်ဆုံးဆဲဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဒေသတွင် မတည်ငြိမ်မှုများကြောင့် သတ်ဖြတ်မှုများသည် စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော အထိကရုဏ်းများအတွင်း လူပေါင်း ၁၈၃၈ ဦး သတ်ခံခဲ့ရပြီး လူပေါင်း ၄,၀၀၀ ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သောနှစ်များအတွင်း အဓိကရုဏ်းများအတွင်း သေဆုံးသူ ၄၉ ဦးအား ဘလို့ချီစတန်မှ ပြန်လည်ရှာတွေ့ထားပြီး ၁၅၉ ဦးသည် ပါ့ရှ်တွန်ဖြစ်ကာ မနေ့ကပင် ၂၈ ဦး ပြန်လည်ရှာတွေ့ခဲ့သည်။ အလောင်း ၁၇၅ လောင်းအား အတည်မပြုနိုင်သေးပေ။

 “ပါကစ္စတန်ရဲ့ စစ်တပ်နဲ့ ဘာသာရေးအယူဝါဒီတွေက ဒီလို ဆိုးဝါးတဲ့ ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်နေကြတယ်။ ဒီကနေ့မှာ  ၁၉၇၁ မှ ပါကစ္စတန် စစ်တပ်က လုပ်ခဲ့သလို ဘင်္ဂါလီတွေကို နှိပ်စက်နေတယ်လို့ ဘလို့ တွေက ပြောကြတယ်။ ဆယ်စုနှစ်များစွာ ဒီသတ်ဖြတ်မှုတွေရဲ့ သားကောင်တွေက ကျောင်းသား/သူတွေ၊ ရှေ့နေတွေ၊ ဆရာ/မတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖြစ်တယ်။ ဆန္ဒပြပွဲမှာ ဖာဇနာ နဲ့ အခြားထောင်ချီတဲ့ လူတွေက Quarter Shawl ဒေသကနေ ဘာလိုချီစတန်ထိ သမိုင်းမှာ အရှည်ဆုံးဖြစ်တဲ့ ချီတက်မှုကို လုပ်ခဲ့ကြသည်။ အဲဒီကနေ သူတို့က ဒီဖိနှိပ်ဖို့ကို အဆုံးသတ်ဖို့ တောင်းဆိုဖို့ ဆင်းဒရှ်  ပြည်နယ် မြို့တော် ကရာချီကနေ အရှည်ဆုံးလမ်းကြောင်းကတစ်ဆင့် ပါကစ္စတန်မြို့တော် အစ္စလာမ်ဘတ်အထိ ချီတက်ခဲ့ကြတယ်။ ဒါကို ပါကစ္စတန် မီဒီယာမှာ ထုတ်လွှင့်ဖို့တောင် ခွင့်မပြုဘူး။ ဒီဆန္ဒပြသူတွေအပေါ် ကိုယ်ချင်းစာကြောင်း ပြသခဲ့တဲ့ ပါကစ္စတန် ပညာတတ်တွေတောင် မလွတ်ဘူး။ နှိပ်စက်မှုက ဒီကနေ့မှာ အဆိုးဆုံးအဆင့်ကို ရောက်နေပြီ”ဟု သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly