တရုတ်နှင့် သဘောတူညီချက် ဖျက်သိမ်းအပြီး လအနည်းငယ်အကြာ အိန္ဒိယသည် ချာဘဟာ ဆိပ်ကမ်းအတွက် ကရိန်းများဝယ်ယူ

တရုတ်နှင့် သဘောတူညီချက် ဖျက်သိမ်းအပြီး လအနည်းငယ်အကြာ အိန္ဒိယသည် ချာဘဟာ ဆိပ်ကမ်းအတွက် ကရိန်းများဝယ်ယူ

ဒီဇင်ဘာ ၂၆
 
နယ်စပ်တင်းမာမှုများဖြစ်ကာ တရုတ်နိုင်ငံပိုင် ကုမ္ပဏီမှ ပစ္စည်းများဝယ်ယူရေး သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ပြီး လများအကြာတွင် အကြီးစားကရိန်းလေးခု ဇန်နဝါရီလတွင် ရောက်လာမှာဖြစ်သဖြင့် အီရန်၏ မဟာဗျူဟာအချက်အချာကျ ချာဘဟာဆိပ်ကမ်းရှိ အိန္ဒိယလုပ်ငန်းလည်ပတ်မှုအတွက် အားဆေးဖြစ်သည်။
 
တရုတ်ကုမ္ပဏီဘက်မှ ၂၀၁၇ ခုနှစ်က မှာယူခဲ့သော ကုန်ပစ္စည်းများ ပေးပို့မှု နှောင့်နှေးခဲ့သည်ဆိုကာ လေးလံသောကုန်စည်များ ရွှေ့ပြောင်းရာတွင် လိုအပ်သည့် လက်ရန်းပါဆိပ်ကမ်းကရိန်းကြီး လေးခုအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ကြေးရှိသော Shanghai Zhenhua Heavy Industries နှင့် ချုပ်ဆိုခဲ့သော စာချုပ်အား  အိန္ဒိယက စက်တင်ဘာလတွင်း ဖျက်သိမ်းခဲ့သည်။

တန်ချိန် ၆၅ တန်ရှိသော ကရိန်းများအတွက် တင်ဒါအသစ်ခေါ်ယူကာ အနောက်တိုင်းကုမ္ပဏီတစ်ခုမှ ဝယ်ယူခဲ့သဖြင့် နောက်လတွင် ချာဘဟာ ဆိပ်ကမ်းသို့ ရောက်ရှိရန် မျှော်လင့်ကြောင်း ဖြစ်စဉ်ကိုရင်းနှီးကျွမ်းဝင်နေသည့် အမည်မဖော်လိုသူလူများက ပြောကြားသည်။ ချာဘဟာဆိပ်ကမ်းအား စွန့်လွှတ်ရန် သဘောတူထား‌သော်လည်း အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် ဆက်နွယ်သော ထိရှလွယ်သော အခြေအနေများကြောင့် အသေးစိတ်အချက်အလက်များ ပြောကြားရန် ငြင်းဆန်သည်။
 
အီရန်သည် ချဘဟာ-ဇာဟဲဒန်နှင့် ခက်ဖ်-ဟဲရတ် ရထားလမ်းလုပ်ငန်းများ တိုးမြှင့်နိုင်ရန် အိန္ဒိယအစိုးရဆီက ရထားလမ်းသုံးစက်ခေါင်းများ၊ အချက်ပြ ကိရိယာများနှင့် ရထားဘူတာများအတွက် ပစ္စည်းကိရိယာများအပါအဝင် ရထားလမ်းပစ္စည်းကိရိယာများအား တောင်းဆိုခဲ့ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က အဆိုပြုထားခဲ့သော အမေရိကန်ဒေါ်လာသန်း ၁၅၀ ချေးငွေအရ အိန္ဒိယသည် ၎င်းပစ္စည်းကိရိယာများအား ထောက်ပံ့နိုင်သည်ဟု အီရန်ဘက်မှ အကြံပြုထားကြောင်း သူတို့က ပြောသည်။
 
ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အီရန်ရှိ ခက်ဖ်နှင့် အာဖဂန်နစ္စတန် ဟဲရက် ပြည်နယ်ရှိ ရော့နက်ခ်နှင့် ဆက်သွယ်သည့် ၂၂၀ ကီလိုမီတာရှိ ခက်ဖ်-ဟဲရက်ရထားလမ်းပိုင်းဖွင့်လှစ်ခြင်းနှင့် နိုဝင်ဘာလတွင် ဆိပ်ကမ်းမှ အာဖဂန်နယ်စပ်အနီးထိ ၆၂၈ ကီလိုမီတာ ရထားလမ်းအား Indian Railway Construction Limited (IRCON)မှ ပါဝင်တာ စောင့်ဆိုင်းမည့်အစား ကိုယ်ပိုင်ရန်ပုံ‌ငွေနှင့် အပြီးသတ်ရန် ဆုံးဖြတ်ချက်ချအပြီး ၎င်းကိစ္စများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
 
“အီရန်က သူ့ဘက်က အခြေခံအဆောက်အဦတွေ အကုန်လုံးကို အပြီးသတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အိန္ဒိယကိုလည်း စီမံကိန်းအကုန်လုံးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဥပမာအားဖြင့် သူတို့က ရထားလမ်းပစ္စည်းကိရိယာတွေ ထောက်ပံနိုင်ပြီးတော့ ချာဘဟာ လွတ်လပ်သော ကုန်သွယ်ခွင့်ဇုံမှာ သန့်စင်စက်ရုံနဲ့ ရေနံဓာတု စက်ရုံတွေလို အခြားစက်ရုံတွေကို တည်ဆောက်နိုင်တယ်”ဟု အထက်တွင် ဖော်ပြခဲ့သော လူများမှ တစ်ဦးက ချာဘဟာ-ဇာဟဲဒန် ရထားလမ်းသည် ၂၀၂၁ ဇူလိုင်တွင် အပြီးသတ်နိုင်ရန် မျှော်လင့်ကြောင်း ဆိုရင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီကပြောကြားသည်မှာ IRCON သည် ဖြစ်နိုင်ချေရှိမှု လေ့လာမှုကို ပြီးဆုံးခဲ့ပြီး အခွင့်အာဏာပေးရန် အီရန်ဘက်မှ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။ သို့သော် အမေရိကန်၏ ပိတ်ဆို့မှုအရေးယူမှုကြောင့် Iranian Revolutionary Guards Committee (IRGC) နှင့် ဆက်စပ်သည့် ကုမ္ပဏီတစ်ခုနှင့် အတူလက်တွဲရန် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် တွန့်ဆုတ်နေသည်ဟု ယုံကြည်ရသည်။
 
အိန္ဒိယ၊  အီရန်နှင့် ဥဇဘက်ကစ္စတန်တို့သည် ဒီဇင်ဘာ ၁၄ရက်နေ့တွင် ချာဘဟာဆိပ်ကမ်းအား အဓိကထားသည့် သုံးနိုင်ငံ အစည်းအဝေးပြုလုပ်ခဲ့သည်။ ထိုအဖွဲ့သည် ဒေသတွင်း ဆက်သွယ်မှုကို တိုးမြှင့်ရန် အိုမန်ပင်လယ်ကွေ့ရှိ မဟာဗျူဟာမြောက် ကုန်သွယ်ရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေး ဌာနအား ပူးတွဲအသုံးပြုရန် လုပ်ဆောင်ရန် သုံးလတစ်ကြိမ် တွေ့ဆုံနိုင်ကြောင်း ပြောကြားထားသည်။
 
“အာဖဂန်နစ္စတန်မှာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာကို ကြည့်ရင် အိန္ဒိယက ခက်ဖ်-ဟဲရက် ရထားလမ်းကို ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဥဇဘက်ကစ္စတန်ထိ တိုးချဲ့ဖို့ အခန်းကဏ္ဍမှာ ပါဝင်နိုင်ပြီး‌တယ်။ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါရှိနေပေမဲ့ ခက်ဖ်-ဟဲရစ်ရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးတော့ ကုန်းတွင်းပိတ်အာဖဂန်နစ္စတန်ကို အဆင့်မြှင့်ဖို့ ကူညီပေးလိမ့်မယ်။”ဟု အထက်တွင် ဖော်ပြခဲ့သော သူတစ်ဦးက ပြောသည်။

၂၀၁၆ခုနှစ် မေလတွင် India Ports Global နှင့် Iran’s Aria Banader Iranian Port နှင့် Marine Services Company တို့သည်  ချာဘဟာရှိ Shahid Beheshti ဘူတာရုံအား ၁၀နှစ်ငါးရမ်းခြင်း သဘောတူညီချက်နှင့် အမေရိကန်ဒေါ်လာ ၈၅.၂၁ သန်းတန် ရင်းနှီးမြှုပ်နှံလုပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly