အကြမ်းဖက်သမားဟောင်းက ဒီမိုကရေစီကို ရွေးချယ်ကာ J-K ၏ DCC ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်

 အကြမ်းဖက်သမားဟောင်းက ဒီမိုကရေစီကို ရွေးချယ်ကာ J-K ၏ DCC ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်

ဒီဇင်ဘာ ၂၄ ၊ ၂၀၂၀

ဂျမ်မူနှင့် ကတ်ရှမီးယား၏ ရာဂျိုရီတွင် မွေးဖွားသူ တစ်ချိန်က အကြမ်းဖက်သမား ဖြစ်ခဲ့ဖူးသူ မူနာမာလစ်သည် ဒါဟဲလ်မာလ်ကန် မဲဆန္ဒနယ်မှ ခရိုင်ဖွံဖြိုးရေးကောင်စီ(DDC)ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မူနာသည် ရွေးကောက်ပွဲဟူသော ဒီမိုကရေစီလမ်းစဉ်သို့ လိုက်ရန် မဆုံးဖြတ်ခင်တွင် သူသည် အကြမ်းဖက်အဖွဲ့၏ တပ်မအဆင့် တပ်မှူးအဖြစ် ခုနှစ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။
 
“ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာကို တစ်ကယ်ပဲ ဂုဏ်ယူမိပါတယ်။ လူတွေကို စကားပြောရတာ ကူညီရတာကို ကြိုက်တယ်။ ကျွန်တော် ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ကြုံခဲ့ပြီးပြီ။ အကြမ်းဖက်သမားတွေလည်း လက်နက်ချပြီး ခေတ်ရေစီးကြောင်းကို လိုက်ဖို့ ပြောချင်တယ်။ သူတို့ကို ပြန်လာဖို့လည်း တောင်းဆိုချင်တယ်။ ဘာမှလဲ ဖြစ်လာမှာမဟုတ်ဘူး။ ဒါတွေအကုန်လုံးက နိုင်ငံရေး ဝါဒဖြန့်ခြင်းနည်းလမ်းတွေပဲ ဖြစ်တယ်”ဟု မူနာမာလစ်ကိ ANI သို့ ပြောကြားခဲ့သည်။

သူလက်နက်ချအပြီး ပြောင်းလဲခဲ့သော ခရီးစဉ်အကြောင်း ပြောကြားရာတွင် မာလစ်က “ကျွန်တော် သူ့တို့(ဒါဟဲလ်မာလ်ကန် ပြည်သူများ)အတွက် အလုပ်လုပ်ခဲ့တယ်။ ဆက်ပြီးတော့လည်း လုပ်နေဦးမယ်။ ဘယ်ကိုပဲ သွားသွား အရမ်းလေးစားခံရတယ်”ဟု ပြောခဲ့သည်။

ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သူမျှ မလုပ်ဆောင်ပေးခဲ့ပေ။ “သူတို့က ရွေးကောက်ပွဲမှာ နိုင်တာနဲ့ ထွက်သွားပြီး ဂျမ်မူမှာ ထိုင်နေကြတယ်”ဟု သူက ပြောသည်။

မူနာမာလစ်၏ ကံကြမ္မာအပြောင်းအလဲအား ဂုဏ်ပြုသည့်အနေဖြင့် အငြိမ်းစား အားကစားအရာရှိ အင်တီယဇ် အာမက် မာလစ်ခ် က “သူက ရွေးကောက်ပွဲမှာ ပါဝင်တာ ကောင်းပါတယ်။ အိန္ဒိယ အစိုးရကလည်း လက်နက်ချတဲ့သူတွေအတွက် မူဝါဒရှိတယ်။ ဒါက ကျွန်တော်တို့ရဲ့ လှပတဲ့ ဒီမိုကရေစီ သင်္ကေတပဲ”ဟု ပြောခဲ့သည်။ DDC ရွေးကောက်ပွဲနှင့် ပတ်သတ်၍ မာလစ်ခ် က “DDC ရွေးကောက်ပွဲက အေးအေးချမ်းချမ်း လုပ်ဆောင်နေတယ်။

ဒါက အမေရိကန်ပြည်ထောင်စုပြီးရင် ဒုတိယအကြီးဆုံးဖြစ်တဲ့ ကျွန်တော်တို့ဒီမိုကရေစီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ရွေးကောက်ပွဲက ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်တယ်။ သူတို့ကိုယ်တိုင်ပါဝင်ပြီး အစိုးရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အကြိုက်ဆုံး ကိုယ်စာလှယ်လောင်းကို မဲပေးရမယ်”ဟု ပြောခဲ့သည်။
 
ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီရွေးကောက်ပွဲ၏ အဌမမြောက် နောက်ဆုံးအဆင့်သည် ပြည်သူပေါင်း ၃.၂၁ သိန်းကျော် မဲပေးခဲ့ကြအပြီး စနေနေ့တွင် အပြီးသတ်ခဲ့သည်။

ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်နာ ကေကေ ရှာမားအဆိုအရ အမျိုးသမီး ၁,၅၂,၄၂၃ ဦးနှင့် အမျိုးသား ၁,၂၉,၂၇၁ ဦး မဲပေးခဲ့ပြီး စုစုပေါင်း ၃,၂၁,၆၉၄ ဦး ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required