ထိုင်ဝမ် စီစဉ်နေသော ရေငုပ်သင်္ဘောတပ်ဖွဲ့သည် ဆယ်စုနှစ်များစွာ ဖြစ်လာနိုင်သော တရုတ်၏ ကျုးကျော်မှုအား ကြိုတင်တားဆီးနိုင်

 ထိုင်ဝမ် စီစဉ်နေသော ရေငုပ်သင်္ဘောတပ်ဖွဲ့သည် ဆယ်စုနှစ်များစွာ ဖြစ်လာနိုင်သော တရုတ်၏ ကျုးကျော်မှုအား ကြိုတင်တားဆီးနိုင်

ဒီဇင်ဘာ ၂၃ ၊ ၂၀၂၀

ထိုင်ဝမ်သည် သူ၏ ကာကွယ်ရေးစွမ်းဆောင်ရေးများအား ပိုမိုမြှင့်တင်နိုင်ရန် မျှော်လင့်သောကြောင့် ခေတ်မီရေငုပ်သင်္ဘောတပ်အုပ်စုကို စတင်တည်ဆောင်နေပြီး ၎င်းသည် ကျွန်းအား ကျူးကျော်ရန်နှင့် ရေကြောင်းပိတ်ဆို့ရန် ဖြစ်လာနိုင်သော တရုတ်၏ စစ်ရေးအစီအစဉ်များအား ရှုပ်ထွေးသွားစေနိုင်သည့် လှုပ်ရှားမှုဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ရေငုပ်သင်္ဘောအသစ် ရှစ်ခုတည်ဆောက်သွားရန်ရှိနေပြီး ပထမဆုံးတစ်စင်းအား ပြီးခဲ့သောလတွင် တောင်ပိုင်း ဆိပ်ကမ်းမြို့ Kaohsiung ရှိ စက်ရုံတစ်ခုတွင် စတည်တည်ဆောက်နေသည်။ အဆိုပါရေငုပ်သင်္ဘောများ၏ ပထမဆုံး စမ်းသပ်မှုများအား ၂၀၂၅ တွင် ပြုလုပ်ရန် မျှော်လင့်ထားသည်။ အစီအစဉ်၏ အစကို ဂုဏ်ပြုသည့်အခမ်းအနားတွင် ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝန် က ၎င်းအား “ထိုင်ဝမ်၏ ခိုင်မာသော စိတ်ဆန္ဒကို ဖော်ပြသော သမိုင်းဝင်မှတ်ကျောက်”ဟု ခေါ်ဆိုခဲ့သည်။
 
ထိုင်ဝမ်နှင့် တရုတ်သည် ဆယ်စုနှစ် ခုနှစ်စုတိုင် သီးခြားအုပ်ချုပ်ခဲ့သော်လည်း ပေကျင်းသည် ပြည်မတရုတ်၏ အရှေ့တောင်ပိုင်းကမ်းရိုးတန်းတွင် တည်ရှိသည့် လူဦးရေ ၂၄ သန်းရှိ ဒီမိုကရေစီနိုင်ငံ ထိုင်ဝမ်အား အချုပ်အခြာအာဏာအပြည့်အဝရှိကြောင်း ဆိုထားသည်။

တရုတ်သမ္မတရှီကျင့်ဖျင်က ပေကျင်းသည် ကျွန်အား လွတ်လပ်ခွင့်ပြုမည်မဟုတ်ကြောင်း ကတိသစ္စာပြုထားကာ လိုအပ်ပါက အင်အားသုံးခြင်းကို ဖယ်ရှားရန်အား ငြင်းဆန်ထားသည်။ သို့ရာတွင် ဆိုင်ယင်ဝန် သည် အမျက်ဒေါသထွက်လျက်ရှိကာ ထိုင်ဝမ်သည် အာရှတွင် “အာဏာရှင်ဆန်ဆန် ကျူးကျော်မှုမှ ဒီမိုကရေစီအား ကာကွယ်ခြင်း”၏ ရှေ့တန်းတွင် ရှိကြောင်း ပြောခဲ့သည်။
 
လပေါင်းများစွာကပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်၏ လေကြာင်းကာကွယ်ရေး ဇုံအတွင်းသို့ စစ်လေယာဉ်များ ပျံသန်းစေခြင်းနှင့် အနီးအနားကျွန်းများတွင် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းများဖြင့် ကျွန်းအပေါ်တွင် စစ်ရေးဖိအားများ တိုးမြှင့်လျက်ရှိပြီး ထိုလှုပ်ရှားမှုများသည် တိုင်ပေအတွက် ခြိမ်းခြောက်မှုအဖြစ် မြင်နိုင်သည်။

သို့သော် မည်သည့် PLA ကျူးကျော်သင်္ဘောစုသည် ထိုင်ဝမ်နှင့် ပြည်မအား ခြားထားသည့် သေးငယ်သော ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်ရမည်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကတည်းက ရှိခဲ့သော ရေငုပ်သင်္ဘော လေးစင်းပါ အစုအား အစားထိုးမည့် ထိုင်ဝမ်၏ စီစဉ်ထားသော ရေငုပ်သင်္ဘောများသည် ကြီးမားသောပြောင်းလဲမှုကို ဖြစ်စေနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

 လျှို့ဝှက်လက်နက်များပလက်ဖောင်း

ရေငုပ်သင်္ဘောများသည် ကမ္ဘာ့လျှို့ဝှက်လက်နက်များပလက်ဖောင်းတွင် ပါရှိနေဆဲဖြစ်ပြီး မည်သည့် ဖြစ်လာနိုင်သော ရန်သူ့သင်္ဘောအစုကိုမဆို အကြီးအကျယ် ထိခိုက်စေနိုင်သည်။

ထိုင်ဝမ်ရေငုပ်သင်္ဘောများသည် ရေပြင်ပေါ်တွင် ဒီဇယ်အင်ဂျင်များနှင့် မောင်းနှင်သော်လည်း ရေအောက်တွင်မူ ကြာရှည်ခံ လီသီယမ် အိုင်းယွန်းဘက္ထရီများဖြင့် စွမ်းအားပေးသော အလွန်တိတ်ဆိတ်သော လျှပ်စစ်မော်တာများအား အသုံးပြုသည့် ဒီဇယ်-လျှပ်စစ်အမျိုးအစားဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

အမေရိကန်ရေတပ်နှင့် တိုးမြှင့်လာသောတရုတ်ကဲ့သို့ နျူကလိယစွမ်းအင်သုံးအစား ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘာများအားရွေးချယ်ခြင်းသည် တိုင်ပေအတွက် လွယ်ကူသော ရွေးချယ်မှုဖြစ်သည်။ ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောများသည် တည်ဆောက်ရန် ပိုမိုလွယ်ကူပြီး ဈေးသက်သာသည်။ ထို့အပြင် ရေအောက်ရောက်ချိန်တွင်လည်း လျှပ်စစ်မော်တာများသည် နျူကလိယဓာတ်ပေါင်းဖိုများထက် ဆူညံသံ နည်းပါးသည်။

တိတ်ဆိတ်စွာ မောင်းနှင်သော ရေငုပ်သင်္ဘောများသည် PLA ၏ ‌ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေး(ASW) အဖွဲ့များအတွက် ရှာဖွေထုတ်ဖော်ရန် ခက်ခဲ့စေနိုင်ကာ ထိုင်ဝမ်ရေလက်ကြား အောက်ခြေနားတွင် ပုန်းကွယ်နေနိုင်ကာ ထိုင်ဝမ်သို့ လာသော ပေကျင်း၏ တပ်ဖွဲ့ သယ်ယူပို့ဆောင်ရေးများအား တိုက်ခိုက်နိုင်ကြောင်း လေ့လာသုံးသပ်သူများက အကြံပြုသည်။

“တရုတ်ရဲ့ ASW စွမ်းရည်တွေက အားနည်းပြီး ဒီအရမ်းတိမ်ပြီး ဆူညံတဲ့ ရေပြင်အနေအထားတွေက ဂျပန်နဲ့ အမေရိကန်က စေလွှတ်တဲ့ အဆင့်မြင့် ASW စွမ်းရည်တွေအတွက်တောင် ခက်ခဲနေသေးတယ်”ဟု မက်ဆာချူးဆက် နည်းပညာအင်စတကျုမှ လုံခြုံရေးလေ့လောရေးအစီအစဉ် တွဲဖက်ဒါရိုက်တာနှင့် ရေငုပ်သင်္ဘော စစ်ဆင်ရေးကျွမ်းကျင်သူ အိုဝင် ကုတ် က‌ ပြောသည်။

ရေငုပ်သင်္ဘောများသည် မည်သည့်နည်းပညာနှင့် ကိုက်ညီမည်ကို အတိအကျ မသိရသေးသော်လည်း ယခုနှစ်အစောပိုင်းတွင် ဝါရှင်တန်သည် တိုင်ပေအား Mark 48 တော်ပီဒိုဝယ်ယူရန် ခွင့်ပြုခဲ့သည်။

“တော်ပီဒိုထိမှန်ခဲ့တဲ့ (အကြီးစားလေယာဉ်တင်သင်္ဘော)တိုင်း အထူးသဖြင့် အမေရိကန် Mark 48လိုမျိုး ခေတ်မီသင်္ဘောတွေက ကျူးကျော်တပ်ဖွဲ့ရဲ့ တပ်စုတစ်စုကို ဖယ်ရှားနိုင်တယ်။ အဲ့တာကြောင့် ဘယ်သူမှ ရေငုပ်သင်္ဘောရှင်းလင်းကြောင်း မသေချာမချင်း ရေလက်ကြားအတွင်းမှာ ကုန်းရေချေမှုန်း‌ရေး သင်္ဘောတွေ စေလွှတ်မှာမဟုတ်ဘူး”ဟု ယခုတွင် ဟာဝိုင်အီပစိဖိတ်တက္ကသူမှ လေ့လာသုံးသပ်သူ အမေရိကန်ရေတပ်ကပ္ပတိန်ဟောင်း ကာလ် ရှုစတာ  က ပြောသည်။

အမေရိကန် တော်ပီဒိုများအား အသုံးပြုခြင်းအပြင် ရေငုပ်သင်္ဘောများသည် အခြား ဦးဆောင်လျက်ရှိသော အမေရိကန်နှင့် ဂျပန် နည်းပညာများ ပါဝင်နိုင်ချေရှိကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ဝါရှင်တန်သည် နှစ်၄၀ကြာ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နယ်မြေအား လက်နက်များ ထောက်ပံ့ပေးလျက်ရှိပြီး မကြာသေးမီက F-16 တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ M1A2T Abrams တင့်ကားများနှင့် ပြောင်းရွှေ့နိုင်သော စတင်ဂျာ  လေယာဉ်ဖျက် ဒုံးကျည်များအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရှိ အဓိက လက်န်ကရောင်းချမှုများအား ခွင့်ပြုခဲ့သည်။

ထိုင်ဝမ်အရာရှိများသည် အမေရိကန်အနေဖြင့် ရေငုပ်သင်္ဘောများအတွက်လိုအပ်သော အခြားအဓိက ပစ္စည်းများနှင့် စနစ်များအား ထောက်ပံ့ရန် မျှော်လင့်ချက်အား ယခင်က ထုတ်ဖော်ပြောကြားခဲ့သည်။
 
အစိမ်းသက်သက် ခြေလှမ်း

၎င်းသည် ထိုင်ဝမ်၏ အကြီးစားရေငုပ်သင်္ဘောတည်ဆောက်ရာတွင် ပထမဆုံးခြေလှမ်းဖြစ်ကာ ၎င်းတို့သည် မက်ထရစ်တန် ၂,၅၀၀မှ ၃,၀၀၀ထိ ရှိရန် ခန့်မှန်းရသည်။ ထိုင်ဝမ်ကျွန်း၏ သင်္ဘာတည်ဆောက်ရေးလုပ်ငန်းသည် ထိုတာဝန်နှင့် ကိုက်ညီခြင်းရှိမရှိ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ထိုင်ဝမ်သည် နိုင်ငံခြားထောက်ပံ့သူ မရှိနိုင်သည့် နောက်တွင် ထိုင်ဝမ်သင်္ဘောတည်ဆောက်သူ China Shipbuilding Corporation (CSBC)သည် ဌာနေရေငုပ်သင်္ဘောအစီအစဉ် လုပ်ဆောင်ရန် ကန်ထရိုက်ရရှိခဲ့သည်။

“ကျွန်းရဲ့ အဆင့်မြင့်ရေငုပ်သင်္ဘောထုတ်လုပ်ရေးမှာ အတွေ့အကြုံလုံးဝမရှိတာကို ကြည့်ရရင် ထိုင်ဝမ်သာ ဒီရေငုပ်သင်္ဘောတွေ ဆောက်နိုင်ပါက ဒီဟာတွေက တော်တော်အဆင့်မြင့်ပြီး သက်ရောက်မှုရှိလိမ့်မယ်”ဟု ဝါရှင်တန်ရှိ RAND Corp အကြံပေးအဖွဲ့၏ အကြီးတန်း နိုင်ငံတကာကာကွယ်ရေးသုတေသီ တင်မိုသီ ဟိတ် က ပြောသည်။

ထိုင်ဝမ်သည် ရေငုပ်သင်္ဘောတည်ဆောက်ရာတွင် လျှင်မြန်စွာသင်ယူနေပြီး ၎င်းသည် ‌သင်္ဘောရှစ်စင်းအဖွဲ့ မဖြစ်လာခင် ၂၀၃၀ ပြည့်နှစ်များတွင် ကောင်းစွာတတ်မြောက်နိုင်ကြောင်း ကာလ် ရှုစတာက ဆိုသည်။

အစီအစဉ်သည် ကျရှုံး သို့မဟုတ် ရွေ့ဆိုင်းပင်လျင် ထိုင်ဝမ်တွင် တရုတ်စစ်ရေးလုပ်ဆောင်ချက်အား ခုခံနိုင်သော အခြားထင်ရှားသော ကာကွယ်မှုများရှိသေးသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
 
ထိုင်ဝမ်သည် အမေရိကန်လုပ် ဟာပွန် Harpoon ဒုံးကျည်များ၊ ‌ရေမြှုပ်မိုင်းများနှင့် အလယ်အလတ် ရေငုပ်သင်္ဘောများအပါအဝင် သင်္ဘောဖျက်ဒုံးကျည် အမျိုးမျိုးအား ပိုင်ဆိုင်ကြောင်း လန်ဒန်ရှိ တော်ဝင်ယူနိုက်တက် ဆားဗစ် အင်စတီကျူ (RUSI) မှ ပင်လယ်စွမ်းအင်သုတေသီ ဆစ်ဒတ်တ် ကူရှယ် က ဆိုသည်။

“ဒီပိုင်ဆိုင်မှုတွေက PLANရဲ့ သင်္ဘောတွေအတွက် ရေလက်ကြားဖြတ်ကျော်တဲ့ ခရီးစဉ်ကို အရမ်းစွန့်စားရာ ကျစေပြီးတော့ ကမ်းမကပ်ခင် တရုတ်တပ်ဖွဲ့ကို လျော့ချပစ်စေနိုင်တယ်။ ရေငုပ်သင်္ဘောတွေက ထိုင်ဝမ်တပ်ဖွဲ့တွေကို တရုတ်ရဲ့ ကန့်သတ်ချက်ရှိနေဆဲဖြစ်တဲ့ ကုန်းရေယာဉ်တွေကို တိုက်ခိုက်နိုင်ဖို့ နောက်ထပ်အားသာချက်ကို ပေးနေတယ်”ဟု ကူရှယ် က ပြောသည်။

အာဏာချိန်ခွင်က ပေကျင်းဘက် အလေးသာနေဆဲဖြစ်

ရေရှည်တွင်မူ ပေကျင်းသည် စစ်ရေးတွင် အလေးသာနေဆဲဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ ၎င်းသည် မည်သည့်ပဋိပက္ခအတွက်မဆို ရေငုပ်သင်္ဘောများ၊ ရေပြင်သင်္ဘောများ၊ မြေပြင်ပစ် ဒုံးကျည်များ၊ ‌လေတပ်ဗုံးကြဲလေယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ်များ ဒါဇင်ပေါင်းများစွာ ယူ‌ဆောင်လာနိုင်သည်။

ဥပမာအားဖြင့် တရုတ်၏ ရေငုပ်သင်္ဘောအစုတွင် သင်္ဘောပေါင်း ၆၅ မှ ၇၀ထိ ရှိနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။

ထို့အပြင် တရုတ်၏ စစ်ရေးတည်ဆောက်မှုသည်လည်း လျှင်မြန်စွာ တိုးတက်နေကာ ကမ္ဘာအကြီးဆုံး ဖြစ်နေပြီးသော ရေတပ်ကို ဆက်လက်အင်အားဖြည့်တင်းနေသည်။
 .
Kaohsiung တွင် ထိုင်ဝမ်၏ ရေငုပ်သင်္ဘောအစီအစဉ်စတင်ပြီး တစ်ပတ်အကြာတွင်ပင် တရုတ်သည် ရေငုပ်သင်္ဘောများအား ဖျက်နိုင်သည်များကို ပြသလျက်ရှိသည်။

“PLA ရေငုပ်သင်္ဘောဖျက်စစ်ရေးလေယာဉ်တွေက ရေနက်ပိုင်းတိုက်ခိုက်မှု လေ့ကျင့်ရေးတွေ လုပ်ဆောင်နေတာက ထိုင်ဝမ်ခွဲထွက်ရေးသမားတွေကို အဟန့်အတားသဘောမျိုးပဲ”ဟု နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ် Global Times၏ ခေါင်းကြီးပိုင်းတွင် ရေးသားခဲ့သည်။ တရုတ် ASW စွမ်းရည်များနှင့် ပတ်သက်၍ ရှားရှားပါးပါး အစီရင်ခံစာတွင်ဖော်ပြထားသည့် ဆောင်းပါးတွင် လေ့ကျင့်ခန်းတစ်ခုတွင် ရေနက်ပိုင်းတိုက်ခိုက်ရေး ပြုလုပ်နေသော PLA Y-8 လေယာဉ်တစ်စီး၏ ပုံပါဝင်သည်။

 Y-8 လေယာဉ်များအား ထိုင်ဝမ်လေကြာင်းကာကွယ်ရေးဇုံအတွင်း လေယာဉ်များ ထိုးဖောက်ဝင်ရောက်ခြင်းတွင် ပိုမိုတွေ့မြင်လာရကြောင်း အစီရင်ခံစာများက ဖော်ပြထားသည်။

“Y-8 ရေငုပ်သင်္ဘောဖျက်စစ်ရေးလေယာဉ်တွေက မကြာသေးမီနှစ်တွေမှာ PLA ရေတပ်အတွင်း ထည့်သွင်းထားပြီး ရေငုပ်သင်္ဘောဖျက်စစ်ရေးစွမ်းဆောင်ရည်မြှင့်တင်ဖို့ အဓိက အရေးပါတယ်”ဟု Global Times ဆောင်းပါးတွင် ရေးသားထားသည်။

 နိုင်ငံတကာ ယုံကြည်ကိုးစားမှု

သို့ရာတွင် ကိန်းဂဏန်းများသည် နိုင်ငံရေးနှင့် ကိုယ်ရည်ကိုယ်သွေးများတွင် ထည့်သွင်းခြင်းမရှိကာ ရေငုပ်သင်္ဘာအသစ်များနှင့် ပတ်သတ်၍လည်း နှစ်ခုလုံးဆက်စပ်နေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

ပြည်တွင်းတွင် ထုတ်လုပ်ခြင်းသည် တိုင်ပေအား သူ၏ အရေးအကြီးဆုံး မဟာမိတ်ဖြစ်သူ ဝါရှင်တန်နှင့် အရေးပါသော ယုံကြည်ကိုးစားမှုကို ဆောင်ယူလာကြောင်း RAND သုတေသီ တင်မိုသီ ဟိတ် က ဆိုသည်။

“ထိုင်ဝမ်ရဲ့ ရေငုပ်သင်္ဘောတည်ဆောက်ဖို့နဲ့ သူ့ရဲ့ကိုယ်ပိုင် ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ချက်က ထိုင်ဝမ်က သူ့ကိုယ်သူ ကာကွယ်ဖို့ လုပ်နေတာဖြစ်တဲ့အတွက် အမေရိကန်အရာရှိတွေအနေနဲ့ ကျွန်းကို တရုတ်ရဲ့ တိုက်ခိုက်မှုကနေ နိုင်ငံရေးအရ တရားမျှတအောင်ကူညီဖို့ ပိုလွယ်ကူသွားတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ဖို့ မလုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဆိုရင်တော့ အမေရိကန်အရာရှိတွေအနေနဲ့ ဝင်ရောက်စွက်ဖက်မှုကို တရားမျှတအောင် လုပ်ပေးဖို့ နိုင်ငံရေးအရ တော်တော်ခက်သွားမယ်”ဟု သူက ဆိုသည်။
နောက်ဆုံးတွင် ထိုင်ဝမ်ကို ကာကွယ်ရမည်မှာ အမေရိကန်စစ်တပ်ဖြစ်သွားနိုင်ကြောင်း သူကဆိုသည်။

“အမေရိကန် ကြားဝင်နေတာမရှိရင် တရုတ်က တဖြည်းဖြည်းနဲ့ ရေငုပ်သင်္ဘောများစု သို့မဟုတ် အားလုံးကို သိမ်းပိုက်ဖို့ နည်းလမ်းရှာလိမ့်မယ်”ဟု တင်မိုသီ ဟိတ် က ဆိုသည်။

 ကိုယ်ရည်ကိုယ်သွေးတွက်ချက်မှုသည် တစ်သက်တာ တရုတ်၏ အကျိုးရှိသမ္မတ ရှီအပေါ် အဓိကထားသည်။

“သူက ရဲတင်းပြီး လောတတ်တာထက် သတိထား၊ ဂရုစိုက်ပြီး တွက်ချက်တတ်တဲ့ ခေါင်းဆောင်ဖြစ်တယ်။”ဟု ကာလ် ရှုစတာ က ဆိုသည်။

“သံသယတွေက တိုက်ခိုက်မှုအတွက် ပေးရမယ့်တန်ကြေးက သူတတ်နိုင်တာထက်များနေတာကို ပြောနေတယ်။ ရေငုပ်သင်္ဘောတွေက နောက်နှစ်၂၀အတွင်း ဆက်လက်ရှိနေမယ့် ဖြစ်နိုင်ချေကို ပိုခိုင်မာလာစေတယ်”ဟု ကာလ် ရှုစတာ က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required