ပတ္တယားဒုမြို့တော်ဝန်က မြန်မာများကို အချောင်အပြစ်တင်ပြီး တရားမ၀င်ရွှေ့ပြောင်းလုပ်သားများ တွေ့ပါက သတင်းပို့ရန် ပြည်သူများကို ပြော

ပတ္တယားဒုမြို့တော်ဝန်က မြန်မာများကို အချောင်အပြစ်တင်ပြီး တရားမ၀င်ရွှေ့ပြောင်းလုပ်သားများ တွေ့ပါက သတင်းပို့ရန် ပြည်သူများကို ပြော

ဒီဇင်ဘာ ၂၂

ဆမွတ်ဆာခွန်း ပုစွန်ဈေးတစ်ခု၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သည့် ကြီးမားသည့် ဖြစ်စဉ်တစ်ခုအတွက် အပြစ်တင်ခံနေရသော သံသယရှိ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ သတင်းပေးပို့ကြရန် ပတ္တယားမြို့ခံများ တိုက်တွန်းခံထားရသည်။

မြန်မာ ရေလုပ်သားများနှင့် ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်၊ အလုပ်လုပ်ကိုင်သည့် လက်ရှိအချိန်၌ပိတ်ထားသည့် ဈေးတစ်ခုနှင့် ဆက်နွယ်သော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၅၄၈ ဦး တွေ့ရှိသည်ဟု အများပြည်သူကျန်းမာရေးဝန်ကြီးဌာနက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေ မနက်ပိုင်းအထိ ယင်းနှင့် ဆက်နွယ်ပတ်သက်သည့် ကူးစက်မှုဖြစ်စဉ်များ ဘန်ကောက်နှင့် အယုဒ္ဓယ တို့တွင် ပေါ်ပေါက်ထားခဲ့သည်။

ဈေးနှင့် ဆက်စပ်ပြီး ပထမဆုံးသော ကူးစက်မှုဖြစ်စဉ် ၁၃ ခုကို ထုတ်ဖော်ခဲ့သည့် သောကြာနေ့က ပတ္တယားဒုမြို့တော်ဝန် မာနုတ် နုန်ယိုင်က ပြောကြားရာတွင် ပတ္တား ဒေသခံများအနေဖြင့် တရားမ၀င် တိုင်းတပါးသား တစ်ဦးဦးနှင့်ပတ်သက်၍ သိရှိပါက အာဏာပိုင်များထံ သတင်းပို့အကြောင်းကြားသင့်ကြောင်း ပြောခဲ့သည်။ ယင်းက ထိုင်း မဟုတ်သော ဘယ်သူမဆိုနှင့်ပတ်သက်၍ အခြေအမြစ်မရှိ သတင်းပေးပို့မှုများကို အစပျိုးစေရန် သေချာနေသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။

ပတ္တယား ဧရိယာ ဆောက်လုပ်ရေးနှင့် ရွှေ့ပြောင်းကမ့်စခန်းများကို စေ့စေ့စပ်စပ် စစ်ဆေးမှုတစ်ခု ယခုလအစောပိုင်းက လုပ်ဆောင်ခဲ့ရာ တရားမ၀င် လုပ်သားများ နှင့် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်စဉ်များ မတွေ့ရှိခဲ့ပေ။

လူအများအပြားကို ကူးစက်စေခဲ့သည့် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတစ်ခုကို ယခင်လက နိုင်ငံထဲ တရားမ၀င် ၀င်လာခဲ့သည့် မြန်မာများ မဟုတ်ဘဲ ထိုင်းပြည်တော်ပြန်အုပ်စုတစ်စုက အစပျိုးထားစေခဲ့သည် ဆိုလျင်တောင်မှ တရားမ၀င် အလုပ်သမားများသည် ထိုင်းတွင် အသစ်ပေါ်ပေါက်လာသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများအတွက် အဓိက အာရုံစိုက်ရာ ဖြစ်နေကြောင်း မာနုတ်က မြန်မာများနှင့်ပတ်သက်၍ သတင်းပို့ရန် ၎င်း၏ တောင်း ဆိုချက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required